Connect with us

Europe

ဘယ်လ်ဂျီယံ တွင် လူအုပ်ထဲ ကားဖြင့် ဝင်တိုက်ရန် ကြိုးစားသူ အား ရဲတပ်ဖွဲ့ဖမ်းဆီး

ဘယ်လ်ဂျီယံနိုင်ငံ Antwerp မြို့ တည်ရှိရာနေရာ အား မြေပုံ၌တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

ဘယ်လ်ဂျီယံနိုင်ငံ Antwerp မြို့ ရှိ Meir ဈေးဝယ်လျှောက်လမ်း အတွင်းသို့ ကားဖြင့် အရှိန်ပြင်းစွာ ဝင်တိုက်ရန် ကြိုးစားခဲ့သည့် အမျိုးသားတစ်ဦးအား မတ်လ ၂၃ ရက်က ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

သံသယရှိသူသည် ၁၉၇၇ခုနှစ် မေလ ၈ ရက်ဖွား ပြင်သစ်နိုင်ငံတွင်နေထိုင်သူ ပြင်သစ်နိုင်ငံသား မိုဟာမက် အာ ဖြစ်ပြီး ၎င်း၏ ထရပ်ကားအတွင်း၌ သေနတ်တစ်လက် နှင့် အမျိုးအမည်မသိ သတ္တုဘူးတစ်ဘူးအပါအဝင် လက်နက်အမျိုးအစား မျိုးစုံကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရှေ့နေရုံးက ပြောကြားခဲ့သည်။Meir သည် Antwerp မြို့၏ အဓိက လူစည်ကားရာ ဈေးဝယ်လျှောက်လမ်း တစ်ခုဖြစ်ပြီး ထရပ်ကားမောင်းသူ သည် မီးနီကို ဖြတ်၍ လမ်းမဆီ ဦးတည်မောင်းနှင်ခဲ့ပြီးနောက် လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့များက ၎င်း၏ အခြေအနေကို သံသယရှိ သတိထားမိကာ တားဆီးရန် ကြိုးစားခဲ့ကြောင်း သိရသည်။

Antwerp မြို့ ရဲတပ်ဖွဲ့က ၎င်းပြင်သစ်လိုင်စင်နံပါတ်ပြားတပ်ဆင်ထားသော အနီရောင် Citroen အမျိုးအစားယာဉ်အား တားဆီးရန် အလျင်အမြန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် ချားလ်မိုက်ကယ် က “ကျွန်တော်တို့ နိုးနိုးကြားကြားရှိနေပြီး လုံခြုံရေးတပ်ဖွဲ့များကလည်း အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ ဘယ်လ်ဂျီယံ အစိုးရအနေနဲ့လည်း ဒီဖြစ်ရပ်ကို နီးနီးကပ်ကပ် စုံစမ်းစစ်ဆေးနေပါတယ်” ဟု လူမှုကွန်ရက်ပေါ်တွင် ပြောကြားခဲ့သည်။အဆိုပါဖြစ်ရပ်တွင် ထိခိုက်ဒဏ်ရာရရှိသူမရှိဘဲ နေ့လည်ပိုင်းတွင် တရားခံ၏ မော်တော်ယာဉ်အား ဖယ်ရှားခဲ့ပြီး စစ်ဆေးမှုများပြုလုပ်ရန် ထိန်းသိမ်းထားကြောင်း သိရသည်။ ထို့အပြင် အခင်းဖြစ်ပွားရာ ဧရိယာ၌ အတားအဆီးများချထားပြီး Antwerp မြို့ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် နှင့် စစ်သား အရေအတွက်များစွာကို မြို့အနှံ့တွင် ချက်ချင်း ဖြန့်ကျက်နေရာချထားကြောင်း သိရသည်။ကနဦးစုဆောင်းရရှိထားသည့် သတင်းအချက်လက်များ နှင့် မတ်လ ၂၂ ရက်တွင် လန်ဒန်၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် ယင်းအမှုအား အစိုးရရှေ့နေရုံးသို့ လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.