Connect with us

Europe

ဘရပ်ဆဲလ်တွင် လုံခြုံရေး အဆင့် အမြင့်ဆုံး ထားရှိဆဲ

ဘယ်လ်ဂျီယံ စစ်သားများ ဘရပ်ဆဲလ်မြို့လယ်တွင် ကင်းလှည့်နေစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ဘရပ်ဆဲလ် ဒေသတွင်း အကြမ်းဖက်မှု သတိပေး အဆင့်ကို အမြင့်ဆုံး အဆင့် ၄ တွင် ဆက်လက်ထားရှိ နေမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ဘယ်လ်ဂျီယံနိုင်ငံ ဝန်ကြီးချုပ် ချားလ် မစ်ချယ်က အတည်ပြုပြောကြားလိုက်သည်။

“ပဲရစ်လို တိုက်ခိုက်မှုမျိုး ဖြစ်လာမှာ ကျွန်တော်တို့ စိုးရိမ်ပါတယ်” ဟု ချားလ် မစ်ချယ်က ပြောသည်။၎င်းက ဘယ်လ်ဂျီယံ နိုင်ငံ၏ အခြားဒေသများကိုလည်း အကြမ်းဖက်မှု သတိပေး အဆင့် ၃ တွင် ထားရှိ ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်သည် ထပ်တိုး လုံခြုံရေး အဆင့် အနေဖြင့် မြို့တော် ဘရပ်ဆဲလ်ဒေသ ဝန်းကျင်၊ လုပ်ငန်း ဧရိယာ နယ်ပယ်များတွင် အခမ်းအနား ကျင်းပခြင်းမှ ရှောင်ရှားဖြင့်နှင့် အများပြည်သူ သွားလာရာတွင် အထူးသတိ ထားကြရန် မြေအောက်ရထားလမ်းနှင့် မြေအောက် သံရထားလမ်း ကွန်ရက်များကိုလည်း နိုဝင်ဘာလ ၂၃ ရက် အထိ ဖိတ်ထားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ကြေညာလိုက်သည်။

ဘရပ်ဆဲလ် ဒေသရှိ စာသင်ကျောင်းများနှင့် တက္ကသိုလ်များကိုလည်း နိုဝင်ဘာလ ၂၃ တွင် ပိတ်ထားဆဲဖြစ်ပြီး သတင်းသမား အချို့က ယင်းကို သမိုင်းဝင် ဖြစ်ရပ် အဖြစ် ဖော်ပြခဲ့ကြသည်။

ဝန်ကြီးချုပ်က ဒေသခံများအား တည်ငြိမ်စွာ နေထိုင်ပေးခြင်းအတွက် ကျေးဇူးတင်ကြောင်းနှင့် သတိထားပြီး နိုးနိုးကြားကြားရှိရန်လည်း ကြေညာထားသည်။

“အရာအားလုံး ပြီးဆုံးသွားခဲ့ရင် ပုံမှန် အခြေအနေကို ပြန်ရောက်နိုင်မှာပါ” ဟု မစ်ချယ်က ကြိမ်ဖန်များစွာ ပြောကြားခဲ့သည်။

အကြမ်းဖက်မှု ဆန်းစစ်ရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့(Organ for the Coordination of Threat Analysisi= OCAM) ကတော့ အကဲဖြတ်မှုများအား နိုဝင်ဘာလ ၂၃ ရက် နေ့လည်ပိုင်းအထိ လုပ်ဆောင်သွား မည်ဖြစ်ပြီး ပဋိပက္ခ စင်တာနှင့် ဘယ်လ်ဂျီယံ အမျိုးသား လုံခြုံရေးကောင်စီတို့ကလည်း ရှေ့ဆက် လုပ်ဆောင်သွားမည် ဖြစ်သည်။စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ် ဆိုင်ရာ သတင်းအချက် အလက်များ ထုတ်ပြန်ရန်မူ ဝန်ကြီးချုပ်က ငြင်းဆန်ခဲ့ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.