Europe
ယူရို ၅၀၀ တန် ငွေစက္ကူ ထုတ်လုပ်မှု ရပ်ဆိုင်းမည်
ဖရန့်ဖတ်၊ မေ ၅ ရက် (ဆင်ဟွာ)
ယူရို ၅၀၀ တန် ငွေစက္ကူအား ထုတ်လုပ်ခြင်းရော ဖြန့်ဝေခြင်းပါ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း ဥရောပ ဗဟို ဘဏ်က မေလ ၄ ရက်က ကြေညာလိုက်သည်။
ယင်း ငွေစက္ကူသည် အတု ပြုလုပ်ရန် လွယ်ကူသည့်အတွက် ယခုကဲ့သို့ ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ငွေစက္ကူ ထုတ်ပေးခြင်းကိုလည်း ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရပ်တန့်သွားမည် ဖြစ်ကြောင်း ဥရောပ ဗဟိုဘဏ်မှ ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
ထို ၅၀၀ တန် ငွေစက္ကူမှာ လက်ရှိ ငွေကြေး စီးဆင်းမှုတွင် ငွေပေးချေရာ၌ ဆက်လက် သုံးစွဲသွားဦးမည် ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။ (Xinhua)