Connect with us

Europe

ရိုမေးနီးယား နိုင်ငံ ပါတီ ကိုယ်စားလှယ်များ နှင့် ပညာရှင် များ က တရုတ် နိုင်ငံ သမ္မတ ၏ လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း အတွေးအမြင် အား ထောက်ခံချီးမွမ်း

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘူခါရက် ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ရိုမေးနီးယား နိုင်ငံ ပါတီ ကိုယ်စားလှယ်များ နှင့် ပညာရှင် စသည့် ကဏ္ဍအသီးသီး မှ ပုဂ္ဂိုလ် များ က ရိုမေးနီးယား နိုင်ငံ တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ နိုင်ငံအုပ်ချုပ်ရေး မဟာဗျူဟာ အတွေးအမြင် အသစ် နှင့် လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး အတွေးအမြင် တို့ အား ထောက်ခံချီးမွမ်း ခဲ့ကြပြီး လက်တွေ့ဆောင်ရွက်မှုများ ဖြင့် တည်ဆောက်ရေး တွင် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ကြသည်။

ရိုမေးနီးယား နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ၊ ရိုးမေးနီးယား နိုင်ငံ လူမှုရေး နှင့် ဒီမိုကရေစီ ကောလိပ် ၊ ရိုမေးနီးယား နိုင်ငံ ဥရောပ တိုက်ဆိုင်ရာ စွန့်စားမှု ဖောင်ဒေးရှင်း တို့ မှ “လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း အား မည်သို့နားလည်မည်နည်း” ဟူသည့် ခေါင်းစဉ် ဖြင့် ဆွေးနွေးပွဲ တစ်ရပ်အား ပူးပေါင်း ကျင်းပ ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ တွင် ရိုမေးနီးယား နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ရွှီဖေးဟုန် က ဆွေးနွေးပွဲ ခေါင်းစဉ် နှင့် ပတ်သက်၍ အဓိက အချက်များကို ရှင်းလင်း မိတ်ဆက်ပေးခဲ့ပြီး အတူတကွ ကောင်းမွန်သည့် အနာဂတ် ကို တည်ဆောက်သွားရန် ပြောကြား ခဲ့သည်။

ဆွေးနွေးပွဲ တွင် ရိုမေးနီးယား နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ၊ တရုတ် နိုင်ငံ ဆိုင်ရာ ရိုမေးနီးယား နိုင်ငံ သံအမတ်ကြီးဟောင်း နှင့် ရိုးမေးနီးယား နိုင်ငံ လူမှုရေး နှင့် ဒီမိုကရေစီ ကောလိပ် ဥက္ကဋ္ဌ တို့က လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း အပေါ် ထောက်ခံအားပေးကြောင်း ပါဝင်ဆွေးနွေး ခဲ့ကြသည်။

ဝေဖန်သုံးသပ်ရေး သမား ဒရီကော့စ် က လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန် အား အတူတကွ တည်ဆောက်ရေး နှင့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု တို့သည် နိုင်ငံ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ အကြား ဆက်ဆံရေး အား ပူးပေါင်းဆောင်ရွက်မှုဖြင့် အတူတကွ အကျိုးဖြစ်ထွန်းစေမှု ကိုပေါ်လွင်စေခဲ့ပြီး ကမ္ဘာ့ နိုင်ငံ အသီးသီး အနေဖြင့် တရုတ် နိုင်ငံ မှ ဖော်ဆောင်သည့် လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း အား အတူတကွ တည်ဆောက်ရေး တွင် တက်ကြွစွာ ပါဝင်သင့်ပြီး အတူတကွ လှပသည့် အနာဂတ်ကို တည်ဆောက်သွားသင့်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.