Connect with us

Europe

ကမ္ဘာ့ဖလားအတွက် ဈေးကစားခဲ့သော မော်စကိုရှိ ဟိုတယ်များအား ဒဏ်ရိုက်

ဟိုတယ်အခန်း တစ်ခန်း၏ အတွင်းဘက်မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလား (FIFA World Cup) ကာလအတွင်း ရုရှားနိုင်ငံ မော်စကိုရှိ ဟိုတယ်အချို့သည် ဈေးနှုန်းများအား ၁၀၃ ရာခိုင်နှုန်းမှ ၅၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့သည့်အတွက် ဒဏ်ရိုက်ခံခဲ့ရကြောင်း ရုရှားနိုင်ငံ စားသုံးသူ အခွင့်အရေးကာကွယ်ရေး အဖွဲ့အစည်း Rospotrebnadzor က ဖေဖော်ဝါရီလ ၂၀ ရက်တွင် ပြောကြားလိုက်သည်။

စစ်ဆေးရေးအဖွဲ့က ဟိုတယ်လုပ်ငန်း ၆၀၃ ခုအား စစ်ဆေးခဲ့ရာ ၁၉၈ ခု ဒဏ်တပ်ခံရပြီး တာဝန်ရှိသူ ၁၈၁ ဦး တို့အား အရေးယူခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ဒဏ်ကြေးမှာ စုစုပေါင်း ရူဘယ် ၅.၉၅ သန်း (အမေရိကန်ဒေါ်လာ ၁၀၆,၀၀၀) ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၀ ရက် မတိုင်မီ ထုတ်ပြန်ခဲ့သည့် အခြား သတင်းထုတ်ပြန်ချက်တစ်ခုအရ ဟိုတယ်ပေါင်း ၃၀၀၀ ကျော်အား စောင့်ကြည့်ခဲ့ရာ ဈေးနှုန်းမြှင့်ထားသည့် အမှု ၂၄၈ ခုအပါအဝင် အမှုပေါင်း ၆၀၀ နီးပါး တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်တွင် စောင့်ကြည့်ရေးအဖွဲ့က ၂၀၁၈ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလားပွဲသို့ လာရောက်မည့် ဧည့်သည်များအား အခန်းဈေးနှုန်းများနှင့်ပတ်သက်၍ အကြံဉာဏ်ပေးရန် အရေးပေါ်လိုင်းတစ်ခု ဖွင့်ထားခဲ့သည်။

၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားအား ရုရှားနိုင်ငံရှိ မြို့ ၁၁ မြို့များ၌ ဇွန်လ ၁၄ ရက်မှ ၁၅ ရက်အထိ ပြုလုပ်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.