Connect with us

Europe

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ မည်သည့်အရေးယူမှုကိုမဆို ရုရှားနိုင်ငံ၏ ရပ်တည်မှုကို ပြောင်းလဲစေမည် မဟုတ်ကြောင်း ထုတ်ပြန်

ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov မိန့်ခွန်းပြောကြားနေစဉ်

မော်စကို ၊ မတ် ၄ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Alexander Lukashevich မှ မတ်လ (၄) ရက်နေ့တွင် အမေရိကန်၏ ရုရှားနိုင်ငံအပေါ်အရေးယူမှုကာလ တိုးမြှင့်ခြင်းသည် ခြိမ်းခြောက်မှုအခြေအနေ တစ်ရပ်အား ဆက်လက်ဖန်တီးခြင်းသာဖြစ်ပြီး မည်သည့်အရေးယူမှုမဆို ရုရှားနိုင်ငံ၏ရပ်တည်မှု မူဝါဒကို ပြောင်းလဲနိုင်မည် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Alexander Lukashevich မှ “ယူကရိန်း ပဋိပက္ခကို ငြိမ်းချမ်းရေးမူဝါဒဖြင့် ဖြေရှင်းနိုင်ရန် အသွင်ဆောင်လာချိန်တွင် ရုရှားနိုင်ငံအပေါ် အရေးယူမှု ကာလတိုးမြှင့်ခြင်းသည် အခြေအနေများအား ပျက်စီးစေသော အနှောက်အယှက်ထပ်မံပြုလုပ်ခြင်းဖြစ်ပြီး မည်သည့်အရေးယူမှုမဆို ရုရှားနိုင်ငံအနေဖြင့် မူဝါဒ ပြောင်းလဲမည်မဟုတ်သည့် အချက်ကိုဝါရှင်တန် နားလည်သင့်သည်” ဟုပြောကြားခဲ့သည်။

ထိုနေ့တွင် ရုရှားသမ္မတ၏ ပြန်ကြားရေး အတွင်းရေးမှူးမှလည်း မည်သည့်အရေးယူမှုမဆို ရုရှားနိုင်ငံ၏ နိုင်ငံတကာရေးရာတွင် ထားရှိသောမူဝါဒကို ပြောင်းလဲနိုင်မည် မဟုတ်ကြောင်း၊ အရေးယူမှုများသည် နှစ်ဘက်ဓားသွားကဲ့သို့ ရုရှားနိုင်ငံကို ထိခိုက်စေသကဲ့သို့ အရေးယူမှုတွင် ပါဝင်သော နိုင်ငံများလည်း စီးပွားရေးအရ ထိခိုက်နစ်နာမည်ဟု ပြောကြားခဲ့သည်။

အမေရိကန်သမ္မတအိုဘားမားမှ ယမန်နှစ် မတ်လ (၃) ရက်နေ့တွင် ရုရှားနိုင်ငံအပေါ် အရေးယူဆောင်ရွက်မှု တစ်နှစ်အချိန်ကာလကို ချမှတ်ခဲ့ပြီး ထိုအရေးယူမှုသည် ယခုနှစ်မတ်လ (၃) ရက်နောက်ပိုင်းတွင် ဆက်လက်အကျုံးဝင်မည်ဟု အမေရိကန်အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့သည်။

၂၀၁၄ မတ်လမှ စတင်ကာ အမေရိကန်နှင့် ဥရောပနိုင်ငံများသည် ယူကရိန်းကိစ္စနှင့် ပတ်သတ်၍ ရုရှားအပေါ် အရေးယူမှု အမျိုးမျိုးပြုလုပ်ခဲ့ကြပြီး ရုရှားနိုင်ငံမှလည်း အရေးယူမှုများအား တုန့်ပြန်သော ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.