Connect with us

Europe

ပျက်ကျခဲ့သည့် ဂျာမနီလေယာဉ်မှ ပထမဆုံး Black Box တစ်လုံး ရှာဖွေတွေ့ရှိ

ပျက်ကျခဲ့သော ဂျာမနီ လေယာဉ်မှ black box voice recorder အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ မတ်၂၄ ရက် (ဆင်ဟွာ)

ပျက်ကျခဲ့သည့် ဂျာမနီလေယာဉ်မှ လေယာဉ်မှူး အခန်းတွင် စကားပြောဆိုမှုများ ဖမ်းယူသည့် မှတ်တမ်းသေတ္တာ Black Box တစ်လုံးကို ပြင်သစ် ရဲတပ်ဖွဲ့က ရှာဖွေ တွေ့ရှိခဲ့ကြောင်း ပြည်တွင်း မီဒီယာ များတွင် မတ်လ (၂၄) ရက်က ဖော်ပြထားသည်။

လေယာဉ်ပျံသန်းမှု အချက်အလက်များ စုစည်းထားသည့် Black Box ကိုမူ ပြင်သစ် ရဲတပ်ဖွဲ့က ရှာဖွေ မတွေ့ရှိသေးကြောင်း BFMTV ရုပ်သံလိုင်း က မတ်လ (၂၄) ရက်ည သတင်းတွင် ပြောကြားခဲ့သည်။

ရှာဖွေရေး လုပ်ငန်းစဉ်များကို လတ်တလော တွင် ဆိုင်းငံ့ ထားသော်လည်း မတ်လ (၂၅) ရက် မနက် တွင် ပြန်လည် စတင်မည် ဖြစ်ကြောင်း သိရသည်။

ခရီးသည် ၁၅၀ စီးနင်းလိုက်ပါလာသည့် ဂျာမနီ ၏ ချွေတာရေး လေကြောင်းလိုင်း တစ်ခုဖြစ်သည့် Germanwings ၏ Air Bus 320 သည် Barcelona မှ Duesseldorf သို့ ပျံသန်းနေစဉ် ပြင်သစ်တောင်ပိုင်း တွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ အသက်ရှင်လျှက် ကျန်ရစ်သူ မရှိနိုင်ကြောင်းဟု သိရသည်။

ထိုလေယာဉ်ကို ၁၉၉၁ ခုနှစ် တွင်ထုတ်လုပ်ပြီး Lufthansa လေကြောင်းလမ်းတွင် အသုံးပြု ပို့ဆောင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် Germanwings လေကြောင်းလိုင်းတွင် အသုံးပြုရန် ထပ်မံလွှဲပြောင်းခဲ့သည်။ မီဒီယာများတွင် ဖော်ပြချက်များအရ ထိုလေယာဉ်သည် Germanwings လေကြောင်းလိုင်း၏ သက်တမ်းအကြာဆုံး လေယာဉ်များထဲမှ တစ်ခုဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.