Connect with us

Europe

ဂရိ နိုင်ငံ ကို ငွေကြေး ကူညီမှု သက်တမ်း တိုးခြင်း သဘောတူခဲ့

ဂရိနိုင်ငံတော် အလံပုံ

ဘရက်ဆဲလ်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ယူရိုဇုံ (Eurozone) ဘဏ္ဍာရေးဝန်ကြီးများ နှင့် ဂရိနိုင်ငံ တို့ မှ ငွေကြေး ဆက်လက် အထောက်အပံ့ ပေးရန် (၄)လသက်တမ်းတိုးခြင်း နောက်ဆုံး သဘောတူညီမှု ကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ရရှိခဲ့ကြကြောင်း ယူရိုအဖွဲ့ ဥက္ကဌ Jeroen Dijsselbloem က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်တွင် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၉ ရက်တွင် ဂရိ အစိုးရအတွက် ငွေကြေး အကူအညီ ( ၆) လ သက်တမ်းတိုးရန် အဆိုပြုမှုကို ယူရိုဇုံ ဘဏ္ဍာရေး ဝန်ကြီးများက ဆွေးနွေးခဲ့သည်။

နောက်ဆုံးတွင် ယူရိုဇုံ ဘဏ္ဍာရေးဝန်ကြီးများ အနေဖြင့် ဂရိ နိုင်ငံအား ငွေကြေး ဆက်လက် အထောက်အပံ့ပေးရန် (၄)လ သက်တမ်းတိုးခြင်း ကို ထုတ်ပြန်ချက် မူကြမ်းတွင် လက်ခံခဲ့ကြောင်း Dijsselbloem က ပြောကြားခဲ့သည်။

ဂရိနိုင်ငံ အနေဖြင့် ပြုပြင်ပြောင်းလဲရေး မည်သည့် အဆင့် လုပ်ဆောင်ခဲ့လဲဆိုသည်ကို လစဉ် ယရို အဖွဲ့အား တင်ပြပေးလို ပါသည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။

ဂရိကို လတ်တလော ငွေကြေးအကူအညီ ပေးမှုသည် လာမည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။ (Xinhua)