Connect with us

Europe

ရုရှားနိုင်ငံရှိ အကြီးဆုံး မီးတောင်က ပြာများ အရှေ့ဖျားအထိ မှုတ်ထုတ်

ရုရှားနိုင်ငံက Klyuchevskoy မီးတောင်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မော်စကို၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ်ရှိ Klyuchevskoy မီးတောင်မှ ပြာမှုန်များကို စက်တင်ဘာလ ၇ ရက်က နှစ်ကြိမ် မှုတ်ထုတ်ခဲ့ကြောင်း ရုရှား သတင်း အေဂျင်စီ TASS က သတင်းတင်ပြထားသည်။

ယင်း မီးတောင်မှ ပထမအကြိမ် မှုတ်ထုတ်လိုက်သော ပြာသည် လေထုထဲသို့ ၈ ကီလိုမီတာအထိ ရောက်ရှိခဲ့ပြီး ဒုတိယ အကြိမ်မှာမူ လေထုထဲသို့ ၁၁ ကီလိုမီတာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
မီးတောင်မှ ထုတ်ထုတ်လိုက်သော ပြာများသည် အရှေ့ဘက်သို့ ရွေ့လျားနေပြီး ၎င်း၏ အမြင့်ကိုမူ မသိရသေးပေ။
လက်ရှိ အချိန်အထိ အဆိုပါ မီးတောင်သည် ပြာများ ဆက်လက် မှုတ်ထုတ်နေဆဲ ဖြစ်ကြောင်း သိရသည်။ ယခုလို မီးတောင်မှ ပြာမှုတ်ထုတ်ခြင်းသည် မီးတောင် ပေါက်ကွဲရန် အဆင့် အနီရောင် ဖြစ်ကြောင်း ဘူမိဗေဒ ပညာရှင်များက ပြောကြားခဲ့သည်။ အဆိုပါ မီးတောင်အား ငလျင် ဋ္ဌာနများနှင့် ဓာတ်ပုံရိုက် ကိရိယာများဖြင့် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရသည်။
မီးတောင်ပြာ ကျဆင်းမှုသည် ဒေသခံ နေထိုင်သူများအား ဘေးအန္တရာယ်ပြုခြင်း မရှိသေးကြောင်း ရုရှား အရေးပေါ် ဝန်ကြီးဋ္ဌာနက ပြောသည်။
Klyuchevskoy မီးတောင်သည် ဧပြီလ ကတည်းက ပေါက်ကွဲနေခြင်း ဖြစ်ပြီး မီးတောင်ချော်ရည်များသည် မီးတောင် တလျှောက် လေးကြိမ် ကျဆင်းခဲ့ကြောင်းနှင့် မီးတောင်ဝမှ ချော်ရည်များ အမြဲတစေ ပန်းထွက်လျက် ရှိကြောင်း သိရသည်။
ထိုမီးတောင်နှင့် အနီးဆုံး လူနေအိမ်ရာသည် တောင်ခြေမှ ကီလိုမီတာ ၃၀ အကွာ၌ တည်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.