Europe
ရုရှားနိုင်ငံ က ဒုတိယမြောက် လေယာဉ်တင်သင်္ဘော အား တည်ဆောက်မည်
စိန့်ပီတာစ်ဘတ်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံသည် ၎င်း၏ တစ်စင်းတည်းသော Admiral Kuznetsov လေယာဉ်တင်သင်္ဘောအား ထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ရန် လေယာဉ်တင်သင်္ဘော အသစ်တစ်စင်းကို တည်ဆောက်ရန် စီစဉ်နေကြောင်း ရေတပ် ပစ္စည်းဝယ်ယူရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး Viktor Bursuk က ဇွန်လ ၂၈ ရက်တွင်ပြောကြားခဲ့သည်။
အမျိုးမျိုးသော ပုံစံရေးဆွဲရေးအဖွဲ့များက လေယာဉ်တင်သင်္ဘောရဲ့ ပုံပန်းသဏ္ဍာန်ကို စဉ်းစား ဆုံးဖြတ်နေကြောင်း ရုရှားနိုင်ငံ ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် စိန့်ပီတာစ်ဘတ်မြို့တွင် ပြုလုပ်ခဲ့သော နိုင်ငံတကာရေကြောင်းကာကွယ်ရေးပြပွဲ (IMDS) ၌ Bursuk က ပြောကြားခဲ့သည်။
၎င်း က အခြားသော သတင်းအချက်အလက်များကို ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။
ရုရှားနိုင်ငံ၏ Admiral Kuznetsov လေယာဉ်တင်သင်္ဘော သည် တန်ချိန် ၆၀,၀၀၀ ခန့်ရှိပြီး ၁၉၈၅ခုနှစ်တွင် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။ ၎င်း၏ ပထမဆုံး စစ်ဆင်ရေးကို ဆီးရီးယားနိုင်ငံရှိ IS စစ်သွေးကြွများကို တိုက်ခိုက်ခဲ့သည့် ၂၀၁၆ခုနှစ် တွင် စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Bursuk က ရုရှားနိုင်ငံ ရေတပ် သည် Admiral Kuznetsov လေယာဉ်တင်သင်္ဘော အား ၂၀၁၈ခုနှစ်တွင် အဆင့်မြှင့်တင်ရန် စီစဉ်ထားကြောင်း၊ ရုရှားနိုင်ငံသည် အဆင့်မြှင့်တင်ထားသော Lada အဆင့် နျူကလီးယားစွမ်းအင် အသုံးပြုထားခြင်းမရှိသည့် ရေငုပ်သင်္ဘော ၂စင်းကိုလည်း မကြာခင် မှာယူသွားမည်ဖြစ်ကြောင်း နှင့် ၂၀၂၅ခုနှစ် မတိုင်ခင် ဘက်စုံသုံး တိုက်ခိုက်ရေးကမ်းတက်ရေယာဉ် ၂စင်း ထက်မနည်း ဝယ်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတကာရေကြောင်းကာကွယ်ရေးပြပွဲ (IMDS) ၌ Admiralty သင်္ဘောကျင်းက ၎င်းသည် အဆင့်မြင့် Kilo အဆင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ၆စီးကိုလည်း ရုရှားနိုင်ငံ၏ ပစိဖိတ်ရေတပ်သင်္ဘောအုပ်စု အတွက် တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)