Connect with us

Europe

ပိုလန် နိုင်ငံ မှ ဂျာမနီ နိုင်ငံ သို့ မောင်းနှင် ခဲ့သည့် ရထားတစ်စင်း ဗုံးခွဲတိုက်ခိုက်မည် ဟု ခြိမ်းခြောက် ခံရ

ပိုလန် နိုင်ငံ မှ ရထား တွဲများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါဆော ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ပိုလန် နိုင်ငံ ဝါဆော မှ ဂျာမနီ နိုင်ငံ ဘာလင် သို့ မောင်းနှင် ခဲ့သည့် ရထားတစ်စင်း သည် ဇွန်လ ၂၈ ရက်နေ့ ညပိုင်းတွင် ဗုံးခွဲတိုက်ခိုက်မည် ဟု ခြိမ်းခြောက် ခံခဲ့ရသဖြင့် ပိုလန် နိုင်ငံ Kamień Pomorski ပြည်နယ် Mogilno ဘူတာရုံ တွင် ရပ်ဆိုင်းခဲ့ပြီး ရထားပေါ်ရှိ ခရီးသည် များ နှင့် အနီးပတ်ဝန်းကျင်ရှိ လူများအား လုံခြုံရာ သို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရှိရသည်။

Mogilno ခရိုင် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပိုလန် နိုင်ငံ မီးရထား ဌာန က ဇွန်လ ၂၈ ရက်နေ့ ညပိုင်းတွင် စာတစ်စောင် လက်ခံရရှိခဲ့ပြီး ဝါဆော မှ ဘာလင် သို့ မောင်းနှင် နေသည့် ရထားပေါ်တွင် ပေါက်ကွဲစေသည့် ပစ္စည်းပါရှိကြောင်း ရေးသားထားသဖြင့် ထိုရထား ကို Mogilno ဘူတာရုံ တွင်ရပ်ဆိုင်း ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Kamień Pomorski ပြည်နယ် ရဲတပ်ဖွဲ့ ဌာန ပြောရေးဆိုခွင့်ရှိသူ က လက်ရှိချိန်တွင် ရဲတပ်ဖွဲ့ နှင့် အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့ တို့မှ ပေါက်ကွဲစေနိုင်သည့် ပစ္စည်းကို ရှာဖွေ နေကြောင်း ပြောကြား ခဲ့သည်။

ပိုလန် နိုင်ငံ မီးရထား ဌာန ပြောရေးဆိုခွင့်ရှိသူ က ယင်းရထားပေါ်တွင် ခရီးသည် ၃၀၀ ခန့် လိုက်ပါခဲ့ကြောင်း ၊ ခရီးသည် အများစု မှာ အခြားရထားဖြင့် ပြောင်းရွှေ့ထွက်ခွာ ခဲ့ပြီးဖြစ်ကာ အချို့ခရီးသည်များ နှင့် အနီးပတ်ဝန်းကျင်ရှိ အိမ်ထောင်စု ၁၀ စုကျော် ကို အနီးပတ်ဝန်းကျင်ရှိ ကျောင်းတွင် နေရာချထားပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.