Connect with us

Europe

ရုရှား နှင့် တရုတ်တို့ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ကာ နိုင်ငံတကာ ကိစ္စရပ်များတွင် ချိတ်ဆက်ဆောင်ရွက်သွားရန် သဘောတူ

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ယာ) နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် (ဝဲ) တို့ မေလ ၂၅ရက်က လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

မော်စကို၊ မေ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့သည် နယ်ပယ်ကဏ္ဍအသီးသီး၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်ရန် နှင့် နိုင်ငံတကာ အရေးကိစ္စများတွင် လည်း ချိတ်ဆက်ဆောင်ရွက်မှု မြှင့်တင်သွားရန် မေလ ၂၅ ရက်က သဘောတူခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ရာ၌ ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံတို့သည် အပြန်အလှန် ဆက်သွယ်ရေး နှင့် အစိုးရဋ္ဌာနများအကြား ဆွေးနွေးတိုင်ပင်မှုများကို မြှင့်တင်ခြင်းဖြင့် လက်တွေ့ကျသည့်ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်လာစေရန် ထိန်းသိမ်းသွားသင့်ကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် က ရုရှားနိုင်ငံသို့ တရားဝင် ခရီးစဉ်ရောက်ရှိလာသည့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ကရင်မလင် ၌တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၎င်းက နှစ်နိုင်ငံသည် ပြဿနာအခက်အခဲများအား ဖြေရှင်းခြင်း နှင့် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမြောက် တည်ငြိမ်မှု ထိန်းသိမ်းရာတွင် BRICS၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း (SCO)၊ G20 အပါအဝင် ကဏ္ဍပေါင်းစုံ မူဘောင်များအောက်တွင် နီးကပ်စွာ လုပ်ကိုင်ဆောင်ရွက်သွားသင့်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ပူတင် က ယခုလအစောပိုင်းတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီး နှီးနှောဖလှယ်ပွဲ ကို တရုတ်နိုင်ငံက အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့သည့်အပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း နှင့် ရုရှားနိုင်ငံသို့ မကြာခင်လာရောက်လည်ပတ်မည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ကိုလည်း ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။

ဝမ် က တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံ တို့သည် တစ်ဖက် နှင့် တစ်ဖက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာမဟာဗျူဟာများ နှင့် ပတ်သက်၍ သဘောတူခဲ့ကြပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ၏ အလားအလာကောင်းများကိုလည်း မျှဝေခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု အစရှိသည့် နယ်ပယ်များတွင် နှစ်နိုင်ငံ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက် သွားသင့်ကြောင်း နှင့် စီးပွားရေးကြီးထွားလာရေးအတွက် အရင်းမြစ်အသစ်များ ရှာဖွေဖော်ထုတ်သွား သင့်ကြောင်းဖြင့် ပူတင်၏ ပြောကြားချက်ကို ထပ်လောင်းပြောကြားခဲ့သည်။

ဝမ်က နှစ်နိုင်ငံ သည် နိုင်ငံတကာအရေးကိစ္စရပ်များတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာလာစေရန် နှင့် နိုင်ငံတကာ နှင့် ဒေသတွင်းအရေးကိစ္စများတွင် ငြိမ်းချမ်းရေး မြှင့်တင်ရန် ချိတ်ဆက်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.