Connect with us

Europe

သင်္ဘောပြန်ပေးဆွဲခဲ့သည့် ဆယ်ကျော်သက် ရွှေ့ပြောင်းသွားလာသူများ တရားစွဲခံရ

ပြန်ပေးဆွဲခံခဲ့ရသည့် တူရကီပိုင် El Hiblu 1 သင်္ဘောအား မတ်လ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗယ်လတ်တာ၊ မတ် ၃၁ ရက် (ဆင်ဟွာ)

ပင်လယ်အတွင်းမှ ကယ်ဆယ်ခဲ့ရသည့် အာဖရိကန် ဆယ်ကျော်သက် ၃ ဦးမှာ သင်္ဘောအား မော်လ်တာနိုင်ငံသို့ လမ်းကြောင်းပြောင်းရန် အတင်းအကြပ် ပြန်ပေးဆွဲခဲ့ခြင်းကြောင့် တရားစွဲခံခဲ့ရကြောင်း သိရသည်။

တူရကီပိုင် El Hiblu 1 သင်္ဘောသည် မတ်လ ၂၇ ရက်က လစ်ဗျားနိုင်ငံ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးဇုန်အတွင်း ပင်လယ်ပြင်တွင် ကယ်ဆယ်ခဲ့ရသည့် ရွှေ့ပြောင်းဒုက္ခသည် ၁၀၈ ဦး၏ ပြန်ပေးဆွဲခြင်းခံခဲ့ရသည်။

အဆိုပါ ရွှေ့ပြောင်းဒုက္ခသည်များက သင်္ဘောဝန်ထမ်းများအား ခြိမ်းခြောက်ကာ ၎င်းတို့ပြန်သွားလိုသည့် လစ်ဗျားနိုင်ငံသို့ အတင်းအကြပ် လမ်းကြောင်းပြောင်းခိုင်းခဲ့ခြင်း ဖြစ်သည်။

အသက် ၁၅ နှစ်၊ ၁၆ နှစ်နှင့် ၁၉ နှစ် အသီးသီးရှိကြသော လူငယ် ၃ ယောက်သည် သင်္ဘောအား ဥပဒေနှင့်မညီစွာ ထိန်းချုပ်ခဲ့သည့်အတွက် တရားရင်ဆိုင်ရန် မတ်လ ၃၀ ရက်က ရောက်ရှိလာခဲ့ကြောင်း၊ အဆိုပါ ပြစ်မှုမှာ မော်လ်တာနိုင်ငံ ဥပဒေအရ ထောင်ဒဏ် ၇ နှစ်နှင့် ၃၀ နှစ် ပြစ်ဒဏ်ကျခံရနိုင်ကြောင်း သိရသည်။

တရားစွဲခံရသည့် ဆယ်ကျော်သက်များအနက် ၂ ဦးမှာ ဂါနီနိုင်ငံမှဖြစ်ပြီး ကျန်တစ်ဦးမှာ Cote d’Ivoire နိုင်ငံမှဖြစ်ကြောင်း၊ ၎င်းတို့အားလုံးမှာ ကျောင်းသားများဖြစ်ကြောင်း ၎င်းတို့က တရားရုံး၌ ထွက်ဆိုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.