Europe
သမ္မတဟော်လန်ဒီ အားစွပ်စွဲပြစ်တင်မည့်ကိစ္စရပ်အပေါ် ပြင်သစ်လွှတ်တော် ပယ်ချ

ပါရီ ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ)
ပြင်သစ်နိုင်ငံဆိုင်ရာလျှိုဝှက်အကြောင်းအရာများကို ရေးသားထုတ်ဝေထားသည့် စာအုပ်တစ်အုပ်နှင့်ပတ်သက်ပြီး “ သမ္မတတစ်ဦးအနေဖြင့် ထိုသို့မပြောသင့်ကြောင်း” ဟူသော ခေါင်းစဉ်ဖြင့် သမ္မတ ဟော်လန်ဒီ အပေါ် စွပ်စွဲပြစ်တင်ရန် တောင်းဆိုချက်ကို ပြင်သစ်လွှတ်တော်က နိုဝင်ဘာလ ၂၃ ရက်တွင် ပယ်ချ လိုက်ကြောင်း သိရသည်။
စွပ်စွဲပြစ်တင်ရန် ပြင်သစ်အောက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ၌ ၁၃ – ၈ ဖြင့် စွပ်စွဲပြစ်တင်ခြင်းမပြုရန် အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌ Claude Bartolone က ဆိုသည်။
၂ဝ၁၃ ခုနှစ်က ဆီးရီးယားနိုင်ငံ၌ လေကြောင်းတိုက်ခိုက်မှုများအပါအဝင် နိုင်ငံတော်၏ လျှိုဝှက်ချက်အကြောင်းအရာများကို ဆိုရှယ်လစ်ပါတီခေါင်းဆောင် သမ္မတဟော်လန်ဒို၏ အသေးစိတ်ထုတ်ဖော်ပြောဆိုမှုများပါဝင်သည့် အဆိုပါစာအုပ်ထုတ်ဝေခဲ့ခြင်းအပေါ် စွပ်စွဲပြစ်တင်ရန် ကွန်ဆာဗေးတစ်ဥပဒေပြုအမတ် Pierre Lellouche က နိုဝင်ဘာလ ၁ဝ ရက်တွင်တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ စွပ်စွဲပြစ်တင်ရန် တောင်းဆိုချက်ကို မဲပေးခွင့်ရှိသူ ဥပဒေပြုအမတ် ၅၅၇ ဦးတွင် ၇၉ ဦးက ထောက်ခံမဲပေးခဲ့ကြောင်း သိရသည်။
Le Monde သတင်းစာတိုက်မှ Gerard Davet နှင့် Fabrice Lhomme သတင်းသမားနှစ်ဦးအား နိုင်ငံတော်နှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို ထုတ်ဖော်ပြသခဲ့သည့် ပြစ်မှုဖြင့် သမ္မတ ဟော်လန်သည် ပြင်သစ်ရှေ့နေချုပ်ရုံး၏ သီးသန့်စုံစမ်းစစ်ဆေးမှုခံရဖွယ်ရှိနေကြောင်းသိရ သည်။(Xinhua)