Connect with us

Europe

အိန်ဂျယ်လာမာကဲလ်၏ CDU ပါတီ နှင့် ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းရန် ဂျာမန် SPD ပါတီ မီးစိမ်းပြ

ဂျာမနီနိုင်ငံ CDU ပါတီ ခေါင်းဆောင်နှင့် ဝန်ကြီးချုပ် အိန်ဂျယ်လာမာကဲလ် (လယ်)၊ ဂျာမန်ခရစ်ယာန်ဆိုရှယ်ယူနီယံ(CSU) ပါတီခေါင်းဆောင် Horst Seehofer (ယာ) နှင့် ဂျာမန်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ(SPD) ခေါင်းဆောင် Martin Schulz တို့ အား ဇန်နဝါရီ ၂၁ ရက်တွင် ပြုလုပ်ခဲ့သော ပူးတွဲသတင်းစာရှင်းလင်းပွဲ၌အတူတကွ တွေ့ ရစဉ်(ဆင်ဟွာ)

ဘွန်း ၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ)

ဂျာမနီနိုင်ငံဝန်ကြီးချုပ် အိန်ဂျယ်လာမာကဲလ် ဦးဆောင်သော ကွန်ဆာဗေးတီးယူနီယံ(CDU) ပါတီ နှင့် ညွန့်ပေါင်းအဖွဲ့ဖွဲ့စည်းသွားရန် ဂျာမနီနိုင်ငံ၏ ဗဟိုလက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက်တစ်ပါတီ(SPC) မှ ကိုယ်စားလှယ်များသည် ဇန်နဝါရီ၂၁ ရက်တွင် ထောက်ခံမဲပေးခဲ့ကြကြောင်း သိရသည်။

ဘွန်းမြို့(Bonn) ၌ ပြုလုပ်သော အထူးညီလာခံသို့တက်ရောက်ခဲ့သော ကိုယ်စားလှယ် ၆ဝဝ ကျော်အနက် ၃၆၂ ဦးက (CDU) နှင့် ၎င်းတို့၏ ညီအစ်မပါတီဖြစ်သော ခရစ်ယာန်ဆိုရှယ်ယူနီယံပါတီ(CSU) နှင့် အနာဂတ်တွင် ညွန့်ပေါင်းအဖွဲ့ဖွဲ့စည်းသွားရန် ( yes) ထောက်ခံမဲပေးခဲ့ကြောင်း နှင့် အခြား ကိုယ်စားလှယ်ပေါင်း ၂၇၉ ဦးက ဆန့်ကျင်ကန့်ကွက်မဲ အသီးသီးပေးခဲ့ကြောင်း သိရသည်။

ညီလာခံတက်ရောက်လာသော ကိုယ်စားလှယ်များအကြား အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးနောက် အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယင်းမဲရလဒ်အရ SPD နှင့် ယူနီယံပါတီတို့အကြား ညွန့်ပေါင်းဖွဲ့ရန် ရှင်းရှင်းလင်းလင်းလမ်းပွင့်သွားပြီဖြစ်ကြောင်း နှင့် ၁၉၄၉ ခုနှစ် ကတည်းက ဆိုးရွားစွာရှိခဲ့သော နှစ်ဖက်ဆံဆက်ရေးအတားအဆီးကို ပြည်ထောင်စုရွေးကောက်ပွဲကျင်းပပြီး ၄ လအကြာတွင် ဖယ်ရှားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

SPD နှင့် ယူနီယံပါတီအကြား ဇန်နဝါရီ ၁၂ ရက်တွင် အတားအဆီးများကို ကျော်ဖြတ်ခဲ့ပြီးနောက် အထူးညီလာခံကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း နှင့် အတားအဆီးများကို ဖယ်ရှားပြီးနောက် နှစ်ဖက်ပါတီအနေဖြင့် လာမည့် ရက်အနည်းငယ်အတွင်း ညွန့်ပေါင်းအဖွဲ့ဖွဲ့ရန် ဆွေးနွေးပွဲများ စတင်နိုင်ဖွယ်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.