Connect with us

Europe

အိုက်စလန်အသင်းနှင့် သရေပွဲကြုံတွေ့ပြီးနောက် “ဒါဟာအစပဲရှိပါသေးတယ်” ဟု အာဂျင်တီးနားပြော


ဗျူနိုအဲရစ် ၊ ဇွန်၁၇ ရက် (ဆင်ဟွာ)

ဇွန်လ ၁၆ ရက် ညက ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာဖလားပြိုင်ပွဲ အိုက်စလန် နှင့် အာဂျင်တီးနား အသင်းတို့ပွဲစဉ်၌ ၁ ဂိုးဆီ သရေရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် “ ဒါဟာ အစပဲ ရှိပါသေးတယ်” ဟု ဘောလုံးကြယ်ပွင့် အာဂျင်တီးနားနိုင်ငံအသင်းက ပြောကြားလိုက်သည်။

“ ပထမဆုံး ပွဲဦးထွက်က အမြဲတမ်းခက်ခဲပါတယ်။ ဒါပေမယ့် အခုချိန်မှာ ခရိုအေးရှားနဲ့ယှဉ်ပြိုင်ကစားမယ့်ပွဲအကြောင်းကိုပဲ စဉ်းစားနေပါတယ်” ဟု အိုက်စလန်အသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်တွင် အာဂျင်တီးနားအသင်းအတွက် ဂိုးသွင်းပေးခဲ့သူ တိုက်စစ်မှူး အာဂွီရိုက ဆိုသည်။

အိုက်စလန်ခံစစ်ကြောင်းကို ကျော်ဖြတ်ရန် အာဂျင်တီးနား တိုက်စစ်မှူးမက်ဆီ ကြိုးပမ်းစဉ်(ဆင်ဟွာ)

ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် အသင်းအတွက် သုံးကြိမ်ပွဲထွက်ခဲ့ပြီး တစ်ဂိုးသွင်းယူပေးထားသူ မန်ချက်စတားစီးတီးကလပ်အသင်းမှ အာဂွီရိုက ပွဲရလဒ်မှာ အိုက်စလန်အသင်းအတွက် “ ကြီးကျယ်တဲ့အောင်မြင်မှုတစ်ခုပါပဲ” ဟု ပြောကြားခဲ့သည်။အာဂျင်တီးနား အားကစားအစီအစဉ် ရုပ်သံလိုင်း TyC နှင့် ပွဲအပြီးတွေ့ဆုံမေးမြန်းခန်းတွင် အာဂွီရိုက “ ဒါဟာ အစပဲ ရှိပါသေးတယ်။ နောက်မှာပွဲတွေအများကြီးကျန်ပါသေးတယ်” ဟု ဖြေကြားခဲ့သည်။ပင်နယ်တီလွဲချော်ခဲ့သော အသင်းဖော်မက်ဆီနှင့်ပတ်သက်၍ အာဂွီရိုက “ ဒါဟာဖြစ်ရိုးဖြစ်စဉ်ပါ။ လူသားတွေပဲလေ။ တခါတလေမှာ ဒါမျိုးဖြစ်တတ်ပါတယ်။ သူ့အတွက်တော့ ပြဿဒါးနေ့ပေါ့ဗျား။ ဒါပေမယ့် သူဟာ ဘယ်အချိန်မျိုးမှာပဲဖြစ်ဖြစ် ပွဲကို အကောင်းဆုံး ကစားနိုင်သူတစ်ဦးပါ ” ဟု ဆိုသည်။

အိုက်စလန်ခံစစ်ကြောင်းကို ကျော်ဖြတ်ရန် အာဂျင်တီးနား တိုက်စစ်မှူးမက်ဆီ ကြိုးပမ်းစဉ်(ဆင်ဟွာ)

အာဂျင်တီးနားအသင်းသည် ဇွန် ၂၁ ရက်တွင် ခရိုအေးရှားလက်ရွေးစင်အသင်း ၊ ဇွန် ၂၆ ရက်တွင် နိုင်ဂျီးရီးယားအသင်းတို့ နှင့် ယှဉ်ပြိုင်ကစားရန်ရှိနေသည်။ ၎င်းတို့အသင်းသည် ၁၉၇၈ ခုနှစ် နှင့် ၁၉၈၆ ခုနှစ်များတွင် ကမ္ဘာ့ဖလားဗိုလ်စွဲခဲ့ပြီး ဘရာဇီးနိုင်ငံ၌ ကျင်းပခဲ့သည့် ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမနီအသင်းကို ၁ဂိုး – ဂိုးမရှိဖြင့် ရှုံးနိုမ့်ကာ ဒုတိယဆုဖြင့် ကျေနပ်ခဲ့ရသည်။(Xinhua)