Connect with us

Europe

အီတလီတွင် ယာဉ်သွားလမ်းတံတားကျိုးကျမှုကြောင့် လူ ၂၀ ယောက် ထက်မနည်း သေဆုံး


ရောမ ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)

အီတလီနိုင်ငံ မြောက်ပိုင်း Genoa ဒေသရှိ ယာဉ်သွားလမ်းတံတားတစ်ခု သြဂုတ်လ ၁၄ ရက်တွင် ကျိုးကျမှုကြောင့် အနည်းဆုံး လူ အယောက် ၂၀ သေဆုံးခဲ့ကြောင်း သိရသည်။

Morandi ဟု အမည်ရှိသည့် အဆိုပါတံတားမှာ မီတာ ၁၀၀ ခန့် ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ပွားချိန်တွင် ယာဉ် အစီး ၂၀ ခန့်က တံတားပေါ်တွင် မောင်းနှင်သွားလာနေခြင်းဖြစ်ရာ လူ တော်တော်များများက ကားထဲတွင် ပိတ်မိနေကြောင်း ဒေသခံ အရန်မီးသတ် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားချိန်တွင် မိုးသည်းထန်စွာရွာသွန်းနေကြောင်း သိရသည်။

ကျိုးကျပျက်စီးနေသည့် တံတားကြီးအား တွေ့ရစဉ်(ဆင်ဟွာ)

ကျိုးကျပျက်စီးနေသည့် တံတားကြီးအား တွေ့ရစဉ်(ဆင်ဟွာ)

ကျိုးကျပျက်စီးနေသည့် တံတားကြီးအား တွေ့ရစဉ်(ဆင်ဟွာ)

ကျိုးကျပျက်စီးနေသည့် တံတားကြီးအား တွေ့ရစဉ်(ဆင်ဟွာ)

တံတားကျိုးကျပျက်စီးရသည့် အကြောင်းရင်းမှာ တံတားတည်ဆောက်ပုံ အနေအထား လိုအပ်မှု ကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံမီဒီယာများက မြို့ပြကာကွယ်စောင့်ရှောက်ရေးဌာနနှင့် အရန်မီးသတ် ဌာန အရာရှိများ၏ ပြောကြားချက်များအရ ဖော်ပြထားသည်။ တံတားကျိုးကျမှုဖြစ်ရပ်မှာ “အင်မတန် ဝမ်းနည်းဖွယ်ကောင်းတဲ့ အဖြစ်ဆိုးကြီးဖြစ်တယ်”ဟု အီတလီအစိုးရက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.