Connect with us

Europe

ဥရောပအနေဖြင့် ရုရှားနှင့် မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်က ထပ်မံပြောကြား

ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်နှင့် လစ်သူယေးနီးယားနိုင်ငံ သမ္မတ Gitanas Nausedaအား စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 

ရီဂါ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) 

ရုရှားနိုင်ငံသည် ဥရောပတိုက်၏နိုင်ငံကြီးတစ်နိုင်ငံဖြစ်ရာ ဥရောပအနေဖြင့် ရုရှားနှင့်မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်လုပ်ဆောင်ရန် လိုအပ်ကြောင်း လတ်ဗီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်က စက်တင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ထိုနေ့တွင် ပြင်သစ်သမ္မတ မက်ခရွန်က လတ်ဗီယားနိုင်ငံ ဝန်ကြီးချုပ် Krisjanis Karins နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ရုရှားသည် ဥရောပတိုက်၏နိုင်ငံကြီးဖြစ်ပြီး လတ်ဗီးယား၏ အိမ်နီချင်းနိုင်ငံလည်းဖြစ်ကြောင်း၊ ဥရောပတွင် ရုရှားမရှိဟူသော အတွေးဖြင့်နေ၍မရကြောင်း မက်ခရွန်က ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

ဥရောပနိုင်ငံများနှင့် ရုရှားအကြား အချို့အရေးကိစ္စများတွင် အမြင်သဘောထားချင်း မတူညီသော်လည်း အချို့အရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်နိုင်ဆဲဖြစ်ကြောင်း၊ ဥပမာ Nagorno-Karabakhစသည့် ဒေသတွင်း ပဋိပက္ခများကို ရုရှားနှင့်ဖြေရှင်းနိုင်ခဲ့ကြောင်း မက်ခရွန်က ဆိုသည်။ 

မက်ခရွန်သည် စက်တင်ဘာ ၂၉ ရက်က လတ်ဗီးယားနိုင်ငံ သမ္မတ Egils Levitsနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုတွေ့ဆုံဆွေးနွေးပွဲ အပြီး ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် မက်ခရွန်က ပွင့်လင်းမြင်သာမှု၊ အပြန်အလှန်နားလည်မှုနှင့် လတ်ဗီးယား၏လုံခြုံရေးအာမခံမှုကို အခြေခံ၍ ရုရှားနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားစေလိုကြောင်း၊ ဆွေးနွေးမှုများသည် ဥရောပတိုက်နှင့် လတ်ဗီးယားနိုင်ငံ၏ အနာဂတ်အတွက် အကျိုးဖြစ်ထွန်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

မက်ခရွန်သည် လစ်သူယေးနီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ပြီးနောက် စက်တင်ဘာ ၂၉ ရက်က လတ်ဗီယားနိုင်ငံ ရီဂါမြို့သို့  ၂ ရက်ကြာ တရားဝင်လည်ပတ်ရေးခရီးစဉ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ဥရောပတိုက်၏ ငြိမ်းချမ်းရေးအာမခံချက်ရှိစေလိုလျှင် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရုရှားနှင့် ပွင့်လင်းမြင်သာသည့် တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်သွားရန် ပြင်သစ်နိုင်ငံက ထောက်ခံကြောင်း မက်ခရွန်က စက်တင်ဘာ ၂၈ ရက် လစ်သူယေးနီးယားနိုင်ငံသို့ အလည်အပတ် ခရီးစဉ်တွင် ထည့်သွင်း ပြောကြားခဲ့သည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.