Europe
၁၀ နှစ်ခန့်ကြာပြီးနောက် အမေရိကန်နှင့်ဘီလာရုဇ် နှစ်နိုင်ငံအကြား သံအမတ်ပြန်လည်ခန့်အပ်မည်

ဝါရှင်တန်၊စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ)
အမေရိကန်နှင့်ဘီလာရုဇ်နှစ်နိုင်ငံအကြား နှစ်နိုင်ငံသံအမတ်များကို ၁၀ နှစ်ကြာပြန်လည် ခေါ်ယူထားကြပြီးနောက်တွင် ပြန်လည် ခန့်အပ်မည်သွား ဖြစ်ကြောင်း အမေရိကန်နိုုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Hale ၏ စက်တင်ဘာ ၁၇ ရက်က အတည်ပြု ထုတ်ပြန်ချက်အရသိရသည်။
အမေရိကန်နိုုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Hale သည် စက်တင်ဘာ ၁၇ ရက်က ဘီလာရုဇ်နိုင်ငံ၏ မြို့တော် မင့်စ်ခ်မြို့ သို့ရောက်ရှိရာ ဘီလာရုဇ်သမ္မတ Alexander Lukashenko နှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်းသိရသည်။၎င်းက အမေရိကန်နိုင်ငံ သည် ဘီလာရုဇ်နိုင်ငံ ၏အချုပ်အခြာအာဏာနှင့်သီးခြားလွတ်လပ် စွာတည်ရှိမှုတို့ကို အလွန်ပင် ထောက်ခံကြောင်း၊အမေရိကန် အနေဖြင့် ဘီလာရုဇ် နိုင်ငံသို့ သံအမတ် ပြန်လည်စေလွှတ်ရန်အတည် ပြုကြောင်း၊ဘီလာရုဇ်နိုင်ငံ အနေဖြင့်လည်း အမေရိကန် ဝါရှင်တန်သို့ သံအမတ် ပြန်လည်စေလွှတ်မည် ဖြစ်ကြောင်း သတင်းထောက်များကို ဖြေကြားချက် အရသိရသည်။
နှစ်နိုင်ငံသံအမတ်တို့ကိုပြန်လည်စေလွှတ် ခြင်းဖြင့် နှစ်နိုင်ငံ၏ ချစ်ကြည်ရေးကို သမိုင်းဝင် ပြန်လည်ကောင်းမွန်လာစေ ရန်ရည်ရွယ်ကြောင်း ဘီလာရုဇ် နိုင်ငံသတင်းဌာန BELTA မှ David Hale ၏ပြောကြားချက်ကို ပြန်လည်ဖော်ပြချက်အရသိရသည်။
ယခင်က အမေရိကန်နိုင်ငံ အစိုးရသည် ဘီလာရုဇ်နိုင်ငံ၏ တရားမမျှတ စွာသမ္မတရွေးကောက် မှုကိုဖော်ထုတ်ခဲ့ပြီးနောက် ဘီလာရုဇ်နိုင်ငံ အပေါ်တွင် စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ရာ ဘီလာရုဇ်နိုင်ငံမှလည်း အမေရိကန်နိုင်ငံ၏ အချုပ်အခြာအာဏာ ကိုဝင်ရောက် လုပ်ကြံ ်စွက်ဖက်မှုများ ရှိခဲ့သည်။၂၀၀၈ ခုနှစ်က နှစ်နိုင်ငံအကြား သံအမတ်များ ကိုနှင်ထုတ်ခဲ့ ပြီးနောက် နှစ်နိုင်ငံရှိ သံတမန်ဝန်ထမ်းများ အနည်းဆုံးအခြေအနေ သို့ရောက်ရှိ ခဲ့ရာ ယခုချိန်ထိ ပြန်လည်ကောင်းမွန် ခြင်းမရှိသေးကြောင်း သိရသည်။(Xinhua)