Connect with us

Europe

၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ

ဗိုလ်လုပွဲ

၁၅.၇.၂၀၁၈. ပွဲပြီးရလဒ်

ပြင်သစ် ၄ – ၂ ခရိုအေးရှား

(၈’,၃၈’ ပယ်နယ်တီ,၅၉’,၆၅’) ( ၂၈’,၆၉’)

ခရိုအေးရှားကဗိုလ်စွဲရန်တစ်ပြေးနေသောပြင်သစ်အသင်း၏ ဂိုးဧရိယာအတွင်း သို့ ပွဲစ၍ ၁၀ မိနစ်အတွင်းမှာပင် သုံးကြိမ်ခန့်ထိုးဖောက်ခြိမ်းခြောက်နိုင်ခဲ့သည်။သို့သော်လည်း ၁၈ မိနစ်တွင်ပြင်သစ်၏အလွတ်တည်ကန်ဘောက ခရိုအေးရှားကစားသမားခေါင်းနှင့်ထိ၍ဝင်ခဲ့ရာပြင်သစ်ပထမဂိုးစရခဲ့သည်။ခရိုအေးရှားက ၂၈ မိနစ်တွင်ပြင်သစ်နောက်တန်းလူများကြားမှ ချေပဂိုးလှပစွာသွင်းယူခဲ့သည်။ ၃၈ မိနစ်တွင်ပြင်သစ်က

ပယ်နယ်တီ ရခဲ့ရာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သဖြင့် ပြင်သစ်အသင်းက ပထမပိုင်းတွင် နှစ်ဂိုးတစ်ဂိုး နှင့်ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်း တွင်အပြန်အလှန်ထိုးဖောက်မှုများပြုနိုင်ခဲ့ကြသော်လည်းရရှိသောအခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်သော ပြင်သစ်က နောက်ထပ်နှစ်ဂိုးသွင်းယူကာ ဗိုလ်စွဲရန်ပို၍သေချာစေခဲ့သည်။ခရိုအေးရှား ကမူ ၆၉ မိနစ်တွင်တစ်ဂိုးသာထပ်သွင်းနိုင်ခဲ့၍ ပြင်သစ်က လေးဂိုးနှစ်ဂိုးဖြင့် ကမ္ဘာ့ဖလားကို ဒုတိယအကြိမ် ဆွတ်ခူးသွားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.