အစ္စတန်ဘူလ် ၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) တူရကီ နိုင်ငံ အစ္စတန်ဘူလ် မြို့ ၌ IS အစွန်းရောက် အဖွဲ့အစည်း နှင့် ဆက်သွယ်မှု ရှိသည် ဟု သံသယ ရှိသော နိုင်ငံခြားသား ၁၉ ဦး အား ရဲတပ်ဖွဲ့ က...
ဝါဆော၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ပိုလန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ဒီဇင်ဘာ ၁၉ ရက်က ရထားနှင့် ကားတိုက်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောသည်။
မန်ချက်စတာ၊ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) မန်ချက်စတာယူနိုက်တက်အသင်းက နည်းပြ မော်ရင်ဟိုအား အသင်းမှထွက်ခွာခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
လစ္စဘွန်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ပေါ်တူဂီနိုင်ငံ မြောက်ပိုင်း တွင် ဒီဇင်ဘာ ၁၅ရက် နှောင်းပိုင်းက အရေးပေါ်ဆေးကုသရေးရဟတ်ယာဉ် တစ်စင်း ပျက်ကျခဲ့ရာ လူ ၅ဦးသေဆုံးကြောင်း ပေါ်တူဂီ Lusa သတင်းဌာနက ဒီဇင်ဘာ ၁၆ ရက်တွင်ပြောကြားခဲ့သည်။
ကိဗ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အနောက်မြောက်ပိုင်းတွင် Su-27 တိုက်ဂျက်လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်မှူးသေဆုံးသွားခဲ့ကြောင်း ယူကရိန်းနိုင်ငံ လေတပ်ဦးစီးချုပ်က ၎င်း၏ Facebook ၌ရေးသားခဲ့သည်။
ပဲရစ်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဝင်ငွေကျဆင်းမှု နှင့်လူနေမှုစရိတ်မြင့်တက်လာမှုတို့ကြောင့်ပြည်သူများမကျေမနပ်ဖြစ်မှုများကိုရပ်တန့် နိုင်ရန်ပြင်သစ်သမ္မတ အီမာနျူရယ် မက်ခရွန်(Emmanuel Macron) ကနည်းလမ်းများဆောင်ရွက်နေ သော်လည်း၊နိုင်ငံတစ်ဝန်းတွင် ဒီဇင်ဘာလ ၁၅ ရက်၌ Yellow Vests ခေါ်ဆန္ဒပြမှုအသစ်များထပ်မံဖြစ် ပွားလာဖွယ်ရှိရာဖြစ်ပေါ်လာနိုင်သည့်အကြမ်းဖက်မှုများကိုထိန်းချုပ်သွားနိုင်ရန်ပြင်သစ်အစိုးရကလည်း ထောင်နှင့်ချီသော လုံခြုံရေးအရာရှိများနှင့် လက်နက်တင်ကားများက ိုအသုံးပြု၍လုံခြုံရေးလုပ်ငန်းများ ကိုတင်းတင်းကြပ်ကြပ်ဆောင်ရွက်သွားမည်ဟုသိရသည်။
လန်ဒန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေ (Theresa May) အား ဒီဇင်ဘာလ ၁၂ ရက်က ကွန်ဆာဗေးတစ်အမတ်များမှ အယုံအကြည်ရှိမရှိ ဆန္ဒမဲခံယူပွဲပြုလုပ်ခဲ့ရာ အယုံအကြည်ရှိကြောင်းဆန္ဒမဲက အပြတ်အသတ်အနိုင်ရရှိခဲ့ကြောင်း သိရသည်။
လန်ဒန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေသည် ဒီဇင်ဘာလ ၁၂ ရက်နှောင်းပိုင်းတွင် အယုံအကြည်မရှိကြောင်း မဲခွဲဆုံးဖြတ်မှုတစ်ခုကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကွန်ဆာဗေးတစ်ပါတီ၏ ၁၉၂၂ ကော်မတီ အကြီးအကဲ Graham Brady က ပြောကြားခဲ့သည်။
ပါရီ ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ Strasbourg မြို့ရှိ ခရစ္စမတ်စ်ဈေးတစ်ခုအနီး၌ ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုအတွင်း သေဆုံးသူ ၄ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။
ပဲရစ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်း Caen မြို့ ဒေသခံအကောက်ခွန် စီမံခန့်ခွဲရေး တာဝန်ရှိသူများက Caen လေဆိပ်တွင် ကိုကင်း ၁၆၆၂ ကီလိုဂရမ် ဖမ်းမိခဲ့ကြောင်း ပြည်သူ့လုပ်ငန်းနှင့် ငွေစာရင်းများဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည့် ကြေညာချက်၌ ဖော်ပြထားသည်။