Connect with us

Europe

အီးယူ နှင့် ဗြိတိန်နိုင်ငံတို့ အနာဂတ် ဆက်ဆံရေးနှင့် ပတ်သက်၍ သဘောတူညီချက်ရရှိ

ဒီဇင်ဘာ ၂၄ ရက် ၌ ဘရပ်ဆဲလ်တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ် ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)  ဘာသာပြန်/စိုးမိုး

ဥရောပကော်မရှင်က အပြင်းအထန် ဆွေးနွေးမှုများ အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပြီးနောက်တွင် အီးယူ နှင့် ဗြိတိန်နိုင်ငံတို့က  ကုန်သွယ်ရေးအပါအဝင် သက်ဆိုင်ရာ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ သဘောတူညီမှု ရရှိခဲ့ပြီး ယခင်စီစဉ်ထားသည့် အစီအစဉ်အတိုင်း ၂၀၂၀ ပြည့်နှစ် ပြီးဆုံးချိန်တွင် ဗြိတိန်နိုင်ငံ အီးယူမှ နုတ်ထွက်ရန်အတွက် အသွင်ကူးပြောင်းမှုကာလ အတွင်း အတားအဆီးများကို ဖယ်ရှားပေးနိုင်ခဲ့ကြောင်း ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ  Ursula von der Leyen က ဒီဇင်ဘာ ၂၄ ရက် ၌ ဘရပ်ဆဲလ်တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နှစ်ဖက်အနေဖြင့် တန်းတူညီမျှသည့် သဘောတူညီမှု တစ်ရပ်ကို ရရှိနိုင်ခဲ့ကြောင်း ၊ ယင်းသဘောတူညီချက် က တန်းတူညီမျှစွာ ယှဉ်ပြိုင်မှုကို အာမခံချက် ပေးနိုင်မည်ဖြစ်ပြီး အီးယူ၏ အကျိုးစီးပွားကိုလည်း အာမခံချက် ရရှိအောင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သတင်းဖော်ပြချက်အရ အဆိုပါသဘောတူညီချက်တွင် အီးယူ နှင့် ဗြိတိန်နိုင်ငံ တို့က ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှု ကုန်သွယ်ရေး ၊ ဗြိတိန် ပင်လယ်ပြင်တွင် ငါးဖမ်းခွင့် ခွဲဝေရေး နှင့် နှစ်ဖက်၏ လမ်းပန်းဆက်သွယ်ရေး ၊ စွမ်းအင် ၊ ဥပဒေရေးရာ စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။  (Xinhua)

————————————-
(Chinese Version)
(国际)简讯:欧盟与英国就未来关系达成协议
2020-12-25 00:24:35 分类: 政治法律
  新华社布鲁塞尔12月24日电(记者李骥志)欧盟委员会24日宣布,经过多轮激烈谈判,欧盟与英国当天终于就包括贸易在内的一系列合作关系达成协议,为英国按照原计划在2020年结束“脱欧”过渡期扫清障碍。
  欧盟委员会主席冯德莱恩当天在布鲁塞尔举行的记者会上表示,双方达成了一份公平、平衡的协议,这份协议将确保公平竞争,使欧盟的利益得到保障。
  据介绍,这份协议对欧英商品和服务贸易、英国海域的捕捞权分配以及双方在交通、能源、司法等领域的合作做出安排。(完)

Photo
新华社照片,布鲁塞尔,2020年12月24日
    (国际)(5)英国与欧盟就双方未来关系达成协议
    12月24日,在比利时布鲁塞尔的欧盟委员会总部,欧盟委员会主席冯德莱恩在新闻发布会上说,欧盟与英国达成了一份“公平的”协议。
    新华社记者郑焕松摄