Connect with us

Europe

ပြင်သစ်နိုင်ငံတွင် COVID-19 ရောဂါကြောင့် သေဆုံးသူ ၆ သောင်းကျော်အထိ ရောက်ရှိလာ

ပြင်သစ်နိုင်ငံ၌ ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ပဲရစ်မြို့ရှိ ကုန်တိုက်တစ်ခုအနီး အမျိုးသမီးတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ် ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ပြင်သစ်နိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၁၅,၆၇၄ ဦးရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၂,၄၄၂,၉၉၀ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသူ ၆၁၀ ဦး ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၆ သောင်းကျော်အထိ ရောက်ရှိလာခဲ့ကာ အတိအကျအားဖြင့် ၆၀,၂၂၉ ဦးဖြစ်ကြောင်း ပြင်သစ်နိုင်ငံအစိုးရ၏ ဒီဇင်ဘာ ၁၈ ရက် ၌ ထုတ်ပြန်ကြေညာချက်သည့် အချက်အလက်များအရ သိရှိရသည်။

ထုတ်ပြန်ကြေညာခဲ့သည့် အချက်အလက်များအရ လက်ရှိအချိန်တွင် ပြင်သစ်နိုင်ငံ၌ COVID-19 ရောဂါ ကူးစက်ခံထားရပြီး ဆေးဝါးကုသမှုခံယူနေသူ ၂၄,၉၇၇ ဦးရှိပြီး ၎င်းတို့အနက် ၂,၇၇၃ ဦးသည် အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူနေရကြောင်း သိရှိရသည်။

ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူရယ် မက်ခရွန်သည် ဒီဇင်ဘာ ၁၇ ရက်၌ COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီး ဒီဇင်ဘာ ၁၈ ရက် ၌ ၎င်းက လူမှုကွန်ယက်စာမျက်နှာတွင် မိမိ အနေဖြင့် ကျန်းမာရေးအခြေအနေကောင်းမွန်သော်လည်း အားအင်လျော့နည်းခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ချောင်းခြောက်ဆိုးခြင်း စသည့် ဝေဒနာများကို ခံစားနေရကြောင်း ၊ ပြည်သူလူထုများအနေဖြင့် COVID-19 ကပ်ရောဂါနှင့် ပတ်သက်ပြီး ဆက်လက်၍ သတိကြီးစွာထားရှိရန် နှင့် သက်ဆိုင်ရာ ကျန်းမာရေး ကာကွယ်မှုဆိုင်ရာ သက်မှတ်ချက်များကို လိုက်နာကြရန် တိုက်တွန်းကြောင်း ရေးသားဖော်ပြခဲ့သည်။

ပြင်သစ်နိုင်ငံကျန်းမာရေးဌာန ညွှန်ကြားရေးမှူး Salomon က ဒီဇင်ဘာ ၁၇ ရက်၌ ရာသီဥတုအခြေအနေနှင့် နှစ်ကုန်ပိုင်းတွင် လူအများသွားလာလှုပ်ရှားမှုအခြေအနေပေါ် မူတည်၍ COVID-19 ရောဂါ ပြန့်ပွားသည့် အန္တရာယ်က ပိုမိုမြင့်တက်လာကာ ကပ်ရောဂါအခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း ၊ ပြင်သစ်နိုင်ငံ ခုခံအားဆိုင်ရာပညာရှင် ၊ COVID-19 ရောဂါ သိပ္ပံရေးရာကော်မတီ တာဝန်ရှိသူ Jean-Francois Delfraissy က ဒီဇင်ဘာ ၁၈ ရက် ၌ COVID-19 ရောဂါပိုးသည် ဥရောပတိုက်တွင် ကျယ်ပြန့်စွာ ဆက်လက် ပျံ့ပွားနေပြီး COVID-19 ရောဂါ တတိယလှိုင်း မဖြစ်ပွားရန် တတ်နိုင်သမျှကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————————-
(Chinese Version)
(国际疫情)法国累计新冠死亡病例超过6万例
2020-12-19 06:53:29 分类: 医药卫生
  新华社巴黎12月18日电(记者陈晨)法国政府网站18日发布的数据显示,法国过去24小时新增新冠确诊病例15674例,累计确诊2442990例;新增死亡病例610例,累计死亡病例超过6万例,达60229例。
  数据显示,目前法国有24977名新冠患者在医院接受治疗,其中2773名患者在重症监护室接受治疗。
  法国总统马克龙17日被确诊感染新冠病毒。18日,马克龙在社交媒体上表示,目前他身体状况良好,但仍有疲劳、头痛、干咳等症状。马克龙呼吁民众继续对疫情保持警惕,并遵守卫生防疫规定。
  法国卫生总署署长萨洛蒙17日表示,由于天气和年底前人员流动等因素,新冠病毒传播的风险相对较高,应谨防疫情反弹。法国免疫学家、新冠疫情科学委员会负责人让-弗朗索瓦•德尔弗雷西18日表示,新冠病毒仍在欧洲广泛传播,必须尽一切努力避免第三波疫情暴发。(完)

Photo
新华社照片,巴黎,2020年8月21日
(国际疫情•新华视界)(8)法国新冠确诊病例持续增加 政府强化防疫措施
8月20日,在法国巴黎附近的拉德芳斯商务区,一名女子在台阶上休息。
法国官方发布的最新统计数据显示,自8月初以来法国每日新增确诊病例连续增加,多次刷新自5月11日起逐步“解封”以来纪录。
法国9月将迎来开学和复工的新阶段,为避免出现第二波疫情,政府加紧制定和落实防疫措施,包括规定在工作场所必须佩戴口罩和鼓励远程办公等。另一方面,法国加紧新冠疫苗方面的研发和相关合作。总统马克龙20日表示,未来几个月内获得疫苗前景可期。
新华社记者 高静 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.