Connect with us

Europe

ဘီလာရုစ် နိုင်ငံ က အမေရိကန် ဆောင်ရွက်ခဲ့သည့် အရေးယူပိတ်ဆို့မှုဆောင်ရွက်ချက်အပေါ် တန်ပြန်ဆောင်ရွက်မှုပြန်လည်ပြုလုပ်

ဘီလာရုစ်နိုင်ငံ သမ္မတ Alexander Lukashenko အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မင့်စ်ခ် ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အမေရိကန်နိုင်ငံ က ဘီလာရုစ် နိုင်ငံမှအချို့သော နိုင်ငံသားများ နှင့် လုပ်ငန်းရှင်များအပေါ် အရေးယူပိတ်ဆို့မှုဆောင်ရွက်ခဲ့သဖြင့် ဘီလာရုစ်နိုင်ငံ အနေဖြင့် တန်ပြန်အရေးယူပိတ်ဆို့မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘီလာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က ဒီဇင်ဘာ ၂၄ ရက် ၌ ထုတ်ပြန်ကြေညာခဲ့သည်။

ထုတ်ပြန်ကြေညာချက်တွင် ဘီလာရုစ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ က ဒီဇင်ဘာ ၂၃ ရက် မှ စတင်၍ ဘီလာရုစ် နိုင်ငံမှ အချို့သော နိုင်ငံသားများ နှင့် လုပ်ငန်းရှင်များအပေါ် အပိုဆောင်းဗီဇာလိုအပ်ချက် နှင့် ဘဏ္ဍာရေးကန့်သတ်ချက်များ ဆောင်ရွက်ခဲ့ခြင်းကို သတိပြုမိကြောင်း ၊ အမေရိကန်နိုင်ငံ ၏ ဆောင်ရွက်ချက်များသည် ၎င်းတို့ မျှော်မှန်းထားသည့် ရလဒ်များ ရရှိလာမည်မဟုတ်ဘဲ ဘီလာရုစ် နိုင်ငံ အနေဖြင့် တန်ပြန်ဆောင်ရွက်မှုများ ပြန်လည် ပြုလုပ်ရန် ပြင်ဆင်ပြီးဖြစ်ကာ တန်ပြန်ဆောင်ရွက်ချက်များကို အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ၊ ဘီလာရုစ် နိုင်ငံအနေဖြင့် ကာလတစ်လျှောက် တန်းတူညီမျှပြီး တရားမျှတကာ အပြန်အလှန်လေးစားမှုကို အခြေခံ၍ အမေရိကန်နိုင်ငံနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသော ဖွံ့ဖြိုးတိုးတက်စေမည့် ဆက်ဆံရေးကို အလေးထားဆောင်ရွက်ခဲ့ကြောင်း ၊ သို့သော် အမေရိကန် နိုင်ငံ ၏ အရေးယူပိတ်ဆို့မှုဆောင်ရွက်ရန် မူဝါဒ ချမှတ်လိုက်ခြင်းသည် နှစ်နိုင်ငံ အနေဖြင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပုံမှန်ဆက်ဆံရေး ရရှိနိုင်တော့မည်မဟုတ်ကြောင်း ပါဝင်ခဲ့သည်။

သတင်းဖော်ပြချက်များအရ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန က ဘီလာရုစ် နိုင်ငံ တွင် ကျင်းပပြုလုပ်ခဲ့သည့် သမ္မတ ရွေးကောက်ပွဲတွင် မသမာမှုများရှိသည်ဟု အကြောင်းပြု၍ ဘီလာရုစ်နိုင်ငံ အစိုးရ အရာရှိအချို့ နှင့် အဖွဲ့အစည်းများအပေါ် အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်ခဲ့ပြီး ၎င်းတို့၏ အမေရိကန်နိုင်ငံအတွင်းရှိ ပိုင်ဆိုင်မှုအားလုံး ကို ထိန်းချုပ်မှုဆောင်ရွက်သွားမည်ဖြစ်ကာ အမေရိကန်နိုင်ငံသားများအနေဖြင့် ယင်း ပိတ်ဆို့အရေးယူခံရသူများနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ပတ်သက်ဆက်နွယ်မှုရှိခြင်းကို ကန့်သတ်ကြောင်း ဒီဇင်ဘာ ၂၃ ရက် ၌ ထုတ်ပြန်ကြေညာခဲ့သည်။

ဘီလာရုစ် နိုင်ငံ တွင် သြဂုတ်လ ၉ ရက် ၌ သမ္မတအသစ် ရွေးကောက်ပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး လက်ရှိသမ္မတ Alexander Lukashenko က ၈၀.၁ ရာခိုင်နှုန်းဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကာ သမ္မတရာထူးအား ဆက်လက် တာဝန်ထမ်းဆောင်သွားရမည်ဖြစ်သည်။ ရွေးကောက်ပွဲပြီးနောက်တွင် ဘီလာရုစ် နိုင်ငံမြို့တော် နှင့် အခြားမြို့များတွင် အကြီးစား ဆန္ဒပြမှုများ ဖြစ်ပွား ခဲ့ပြီး ဆန္ဒပြသူများက သမ္မတရွေးကောက်ပွဲ ရလဒ် အပေါ် သံသယရှိကြောင်း အဆိုပြုခဲ့ကြသည်။ အချို့သော အနောက်နိုင်ငံများက ဘီလာရုစ် နိုင်ငံ သမ္မတရွေးကောက်ပွဲတွင် မသမာမှုများရှိသည်ဟု အကြောင်း ပြု၍ ဘီလာရုစ် နိုင်ငံ အစိုးရ အရာရှိ အချို့ နှင့် အဖွဲ့အစည်းများအပေါ် အရေးယူပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)

————————————-
(Chinese Version)
(国际)白俄罗斯对美国制裁采取反制措施
2020-12-25 06:00:06 分类: 政治法律
  新华社明斯克12月24日电(记者魏忠杰 李佳)白俄罗斯外交部24日发表声明说,白方对美国针对白俄罗斯一些个人和法人实施制裁采取反制措施。
  声明说,白方注意到美国23日再次决定对白俄罗斯一些个人和法人实施额外签证和财务限制。美国的制裁手段无用且适得其反,白方的反制措施已经准备就绪并将付诸实施。白方始终重视在平等和相互尊重的基础上与美国发展正常的互利关系,但如果美国不摒弃制裁政策,两国不可能发展正常的互利关系。
  据报道,美国财政部23日以白俄罗斯总统选举存在舞弊行为等为由,宣布对白方一些官员和机构实施制裁,包括冻结其在美国境内财产、禁止美国公民与其有业务往来等。
白俄罗斯8月9日举行新一届总统选举,现任总统卢卡申科以80.1%的得票率胜出,再次当选总统。随后,白首都明斯克等城市多次发生较大规模抗议活动,抗议者对总统选举结果提出质疑。一些西方国家以白总统选举存在舞弊行为等为由对其部分官员和机构实施制裁。(完)

Photo
  10月8日,在白俄罗斯首都明斯克,白俄罗斯总统卢卡申科在“明斯克对话”论坛上发表讲话。 白俄罗斯总统卢卡申科8日在明斯克举行的讨论欧洲安全的“明斯克对话”论坛上表示,欧洲国家应该采取更加积极有效的措施推动解决乌克兰冲突问题,阻止战事继续发展。 新华社发(任科夫摄)