Connect with us

Europe

ဂရိ ဆွေးနွေးပွဲတွင် ဥရောပ သမဂ္ဂက နောက်ဆုံး အဆိုပြုလွှာ မူကြမ်း ထုတ်ပြန် ကြေညာ

ဂရိ ဘဏ္ဍာရေး ဝန်ကြီး Yanis Varoufakis (အလယ်) အားတွေ့ရစဉ် (ဆင်ဟွာ)

ဘရက်ဆဲလ် ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

ဂရိ နိုင်ငံကို ကြွေးမြီ ကိစ္စ အတွက် ဥရောပ သမဂ္ဂက ဇွန်လ ၂၈ ရက်တွင် နောက်ဆုံး အဆိုပြုလွှာ မူကြမ်း ထုတ်ပြန် ကြေငြာခြင်းကို ဂရိ အစိုးရက ငြင်းပယ် ခဲ့ကာ ဂရိ လွှတ်တော်က အတည်ပြုရန် ပြည်လုံးကျွတ် ဆန္ဒခံယူ ပွဲကို လာမည့် သီတင်းပတ်တွင် ကျင်းပမည် ဖြစ်သည်။

“ ပွင့်လင်း မြင်သာမှုရှိတဲ့ အတိုးနှုန်းနဲ့ ဂရိ ပြည်သူတွေ အတွက် အချက်အလက်များကို ဥရောပ သမဂ္ဂ ကော်မရှင်က နောက်ဆုံး အဆိုပြုလွှာကို ထုတ်ပြန်ကြေညာ ပါတယ်” ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ယခု အဆိုပြုလွှာသည် ဂရိအာဏာပိုင်များ၏ ဇွန်လ ၈ ရက် ၊ ၁၄ ရက် ၊ ၂၂ ရက် ၊ ၂၅ ရက် အဆိုပြုချက်များနှင့် နိုင်ငံရေးနှင့် နည်းပညာဆိုင်ရာ အဆင့် ဆွေးနွေးမှု များကို ထည့်သွင်း စဉ်းစားထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇွန်လ ၂၆ ရက်နေ့ တွင် ယခု နောက်ဆုံး အဆိုပြုလွှာကို ဂရိအစိုးရ သို့ ပေးပို့ခဲ့ပြီး ဆွေးနွေးမှုကို ဂရိ အစိုးရက တစ်ဖက်သတ် အဆုံးသတ် ခဲ့ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

ဂရိ နိုင်ငံ ဝန်ကြီးချုပ် Alexis Tripras သည် ယခု အဆိုပြုလွှာမှာ ခြိမ်းခြောက် အကြပ်ကိုင်ခြင်း ဖြစ်ကြောင်း ဇွန်လ ၂၆ ရက် နေ့ညပိုင်းတွင် ပြောကြား ခဲ့သည်။ ၎င်း အဆိုပြုလွှာနှင့် ပတ်သက်ပြီး မဲဆန္ဒ ခံယူခြင်းကို ဇူလိုင်လ ၅ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း ဆိုသည်။

ဇွန်လ ၂၇ ရက်တွင် အီးယူ အဖွဲ့ ဘဏ္ဍာရေး ဝန်ကြီးများက အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ပြီး ဂရိ ဘဏ္ဍာရေး ဝန်ကြီး Yanis Varoufakis က အစည်းအဝေး မပြီးဆုံးမီတွင် ထွက်ခွာသွားခဲ့သည်။ အခြား ဝန်ကြီး ၁၈ ဦးမှ အေသင်သည် ၊ ညှိနှိုင်းမှုကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း အဆိုပြုလွှာကို ဆန့်ကျင်သည့် တုန့်ပြန်ချက် ပေးကြောင်း စွပ်စွဲ ပြောဆို ခဲ့သည်။

ဆွေးနွေးပွဲကို ရှောင်လွှဲသူမှာ ဂရိအစိုးရသာဖြစ်ကြောင်း ဥရောပ သမဂ္ဂ အဖွဲ့ ဥက္ကဌ Jeroen Dijsselboem က ပြောကြားသည်။ဂရိနိုင်ငံအပေါ် ငွေကြေး ထောက်ပံ့မှုသည် ဇွန်လ ၃၀ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးမှာ ဖြစ်သည့် အတွက် ဂရိ အစိုးရ၏ ဇူလိုင်လတွင် ကျင်းပမည့် လူထု ဆန္ဒခံယူပွဲ အတွက် အချိန် တိုးမြှင့်ပေးရန် တောင်းဆိုချက်ကို ဥရောပ သမဂ္ဂအဖွဲ့ အနေဖြင့် ငြင်းပယ် ခဲ့သည်။

အေသင်တွင် လူထုဆန္ဒခံယူပွဲ ကျင်းပရန် အတွက် ဂရိ လွှတ်တော်က ဇွန်လ ၂၇ ရက်တွင် အတည်ပြု ခဲ့သည်။ အဆိုပြုလွှာ မူကြမ်းတွင် ဘဏ္ဍာရေး မူဝါဒ ၊ အငြိမ်းစား လစာ ပြုပြင် ပြောင်းလဲခြင်း ၊ အခွန် ဆိုင်ရာများ ပါဝင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.