Connect with us

Europe

ဂရိ စိုးရိမ် ပူပန်မှုတွေ ကြားထဲက ရေနံဈေးနှုန်း မငြိမ်

US စတော့အိပ်ချိန်း တစ်ခုမြင်ကွင်း (ဆင်ဟွာ)

နယူးယောက်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ဂရိနိုင်ငံကို ငွေကြေး အကူအညီပေးရေး သက်တမ်းကာလ အတွက် တနင်္ဂနွေနေ့မှာ ဆန္ဒခံယူပွဲ ပြုလုပ်ဖို့ အာရုံစိုက်နေတဲ့ ကြားမှာ ရေနံဈေးဟာ ကြာသပတေးနေ့က မငြိမ်မသက် ဖြစ်ခဲ့သည်။

ဆန္ဒခံယူပွဲ မတိုင်မီမှာ ဂရိ အပေါ် ငွေကြေး အကူအညီပေးရေး အစီအစဉ် အသစ် အတွက် ညှိနှိုင်းမှုတွေ မရှိနိုင် ပေမဲ့ တွေ့ဆုံ ဆွေးနွေး မှုတွေ အတွက် အမြဲတမ်း တံခါး ဖွင့်ထားပါတယ်လို့ ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကဲက ဗုဒ္ဓဟူးနေ့က ပြောပါသည်။

ကုန်သည်တွေကတော့ အီရန်ရဲ့ နျူကလီးယား ဆွေးနွေးပွဲရဲ့ တိုးတက်မှုကို စောင့်ကြည့်နေကြပါသည်။ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနှင့် ရေနံ ထုတ်လုပ်သူ အီရန်နိုင်ငံတို့အကြား နျူကလီးယား ညှိနှိုင်းမှုကို ဆက်လက် ဆွေးနွေးနေပါသည်။

စွမ်းအင် သတင်း အချက်အလက် စီမံခန့်ခွဲရေးဌာန၏ ဗုဒ္ဓဟူးနေ့ အပတ်စဉ် ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ရက်သတ္တပတ်က အမေရိကန် ဈေးကွက်လိုအပ်ချက်ဟာ ရေနံစည်ပေါင်း ၄၆၅.၄ မီလီယံ ရှိခဲ့ပြီး ယခင် အပတ်ထက် စုစုပေါင်း ရေနံစည် ၂.၄ မီလီယံတိုးလာခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ အိုကလာဟိုးမားက Cushing စက်ရုံက ရေနံစည်ပေါင်း ၅၆.၄ မီလီယံ ထပ်မံ တင်ပို့ဖို့စာချုပ် ချုပ်ထားတဲ့အတွက် ရေနံစည်ပေါင်း ဝ.၂ မီလီယံ တိုးမြင့်လာပါသည်။ အမေရိကန် ရေနံ ထုတ်လုပ်မှုဟာ ထိုတစ်ပတ်အတွင်း တစ်နေ့ကို စည်ပေါင်း ၉.၆ မီလီယံ အထိ ရှိခဲ့သည့်အတွက် ရေနံစည်ပေါင်း ၃,၀၀၀ ခန့် တိုးတက်လာ ပါသည်။

နယူးယောက် Mercantile အိတ်ချိန်းမှာ ရေနံတစ်စည်ကို အမေရိကန်ဒေါ်လာ ၅၆.၉၃ ရှိခဲ့သည့်အတွက် တစ်စည်ကို ၃ ဆင့် (cent) ခန့် ဈေးကျဆင်းခဲ့ပါသည်။ လန်ဒန် ICE Future အိတ်ချိန်းမှာတော့ ရေနံတစ်စည်ကို ၆၂.၀၇ ဒေါ်လာနဲ့ ဖြစ်ခဲ့ပြီး ၆ ဆင့် (Cent) ခန့် တိုးလာ ခဲ့ပါသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117