Europe
ဂျာမနီတွင် လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့မှုကြောင့် လူ နှစ်ဦးသေဆုံး
ဘာလင်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ တွင် ဧပြီ ၅ ရက် က အပေါ့စားလေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ရာ လူနှစ်ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်း သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
မီးသတ်တပ်ဖွဲ့ဝင်များ၏ပြောကြားချက်အရ လေယာဉ်သည် ဗို့အားမြင့် ဓါတ်အားလိုင်းနှင့် တိုက်မိပြီး ပျက်ကျခဲ့ခြင်းဖြစ်ကာ ခရီးသည်နှစ်ဦး၏ ရုပ်အလောင်းများကိုတွေ့ရှိခဲ့ကြောင်း နှင့် မည်သူမည်ဝါဖြစ်သည်ကို ခွဲခြားနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
မီးသတ်ဋ္ဌာန၏ ပြောရေးဆိုခွင့်ရှိသူ Michael Hahn က လေယာဉ်ပျက်ကျခြင်းသည် မွန်းလွဲ ၂း၀၀နာရီ၌ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး မျက်မြင်သက်သေများ၏ ပြောကြားချက်အရ လေယာဉ်မပျက်ကျမီ ကျယ်လောင်သည့် အသံတစ်သံကို ကြားခဲ့ရကြောင်း သိရသည်။
အဆိုပါ လေယာဉ်ငယ်သည် မည်သည့် နေရာမှ ပျံသန်းလာကြောင်း နှင့် မည်သည့်အရပ်သို့ ဦးတည်ပျံသန်းနေခြင်းဖြစ်သည်ကို သိရှိခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)