Connect with us

Europe

ဆောင်းရာသီ အားကစားသမားများကို တရုတ်နှင့် ဖင်လန် သမ္မတ နှစ်ဦး တွေ့ဆုံ

ဆောင်းရာသီ အားကစားသမားများနှင့် တွေ့ဆုံနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဖင်လန်နိုင်ငံ သမ္မတ Sauli Niinisto တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဟဲလ်ဆင်ကီး၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ဖင်လန်နိုင်ငံသို့ ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖင်လန်နိုင်ငံ သမ္မတ Sauli Niinisto နှင့်အတူ နှစ်နိုင်ငံ စကိတ် အားကစားသမား ကိုယ်စားလှယ်များနှင့် ဧပြီလ ၅ ရက် ညနေပိုင်းတွင် တွေ့ဆုံခဲ့ပြီး ဆောင်းရာသီ အားကစားများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရန် ကတိပြုခဲ့သည်။

အဆိုပါ အားကစားသမားများသည် ဖင်လန်နိုင်ငံ မြို့တော် ဟဲလ်ဆင်ကီး၌ မတ်လ ၂၉ ရက်မှ ဧပြီ ၂ ရက်အထိ ကျင်းပခဲ့သည့် World Figure Skating Championships 2017 တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူများ ဖြစ်သည်။

အားကစားပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် ဖင်လန်နိုင်ငံအား ဂုဏ်ယူကြောင်း၊ ထူးချွန်စွာ တင်ဆက်ပြသခဲ့သည့် အားကစားသမားများကိုလည်း ချီးကျူးဂုဏ်ပြုကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

ဆောင်းရာသီ အားကစားသမားများနှင့် တွေ့ဆုံနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီးအား တွေ့ရစဉ် (ဆင်ဟွာ)

ဆောင်းရာသီ အားကစားသမားများနှင့် တွေ့ဆုံနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီးအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်-ဖင်လန် ချစ်ကြည်ရေး မြှင့်တင်ရာတွင် အားကစားသည် အရေးပါသည့် ပေါင်းကူးတံတား တစ်ခု ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှာ ဆောင်းရာသီ အားကစားတွင် ဖင်လန်နိုင်ငံမှ များစွာ သင်ယူခဲ့ရကြောင်း မှတ်ချက်ပြု ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်အား တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်သည့်အားလျော်စွာ ဆောင်းရာသီ အားကစားများ ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အခိုင်အမာ လုပ်ဆောင်မည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နိုင်ငံအလိုက် အားကစားနည်းများနှင့် နှစ်နိုင်ငံ ပြည်သူများ ကျန်းမာရေး တိုးတက်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းရာသီ အားကစားများနှင့် အားကစားပွဲတော် ကြိုတင်ပြင်ဆင်ရာတွင် တရုတ်နှင့်အတူ အတွေ့အကြုံမျှဝေရေး၊ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ဆောင်ရန် ဖင်လန်နိုင်ငံက ဆန္ဒရှိကြောင်း၊ ဆောင်းရာသီ အိုလံပစ် အားကစားပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရန် တရုတ်နိုင်ငံအား ဖင်လန်နိုင်ငံက ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ဖင်လန် သမ္မတ Niinisto က ပြောကြားခဲ့သည်။

World Figure Skating Championships 2017 တွင် တရုတ်နိုင်ငံမှ Sui Wenjing နှင့် han Cong တို့ နှစ်ယောက် ပူးတွဲ ရွှေတံဆိပ်ဆု ရရှိခဲ့သလို တစ်ဦးချင်း အနေဖြင့်လည်း ကြေးတံဆိပ်ဆု ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.