Europe
ဂျာမနီလေယာဉ်ပျက်ကျမှုကြောင့် လူ၃ဦးသေဆုံး
ဘာလင်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းတွင် ဒီဇင်ဘာ ၁၄ရက် ညနေပိုင်းက လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ရာ လူ ၃ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။
ယင်းမတော်တဆမှုသည် ဂျာမနီနိုင်ငံ Baden-Wuerttemberg ပြည်နယ်ရှိ Ravensburg မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ Cessna Citation Mustang Model 510 လေယာဉ်သည် Frankfurt-Egelsbach လေယာဉ်ကွင်းမှ Friedrichshafen မြို့သို့ ပျံသန်းနေစဉ် သစ်တောဧရိယာအတွင်း ပျက်ကျသွားခဲ့ကြောင်း ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်း ရှိ အသံလွှင့်ကုမ္ပဏီတစ်ခုကဖော်ပြခဲ့သည်။
လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို ရှင်းလင်းစွာ မသိရှိရသေးကြောင်း သိရသည်။
ဆီးနှင်းများ ကျဆင်းနေသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အခက်အခဲများရှိသော်လည်း ကယ်ဆယ်ရေးဝန်ထမ်း ၈၀ဦးခန့်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)