Europe
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဘုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် BRICS အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းစကားပြောကြား

ဟမ်းဘတ် ၊ ဂျာမနီ ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် က အာဖရိကနိုင်ငံများအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ပိုမိုလုပ်ဆောင်သွားကြရန် နှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် တိုးမြှင့်ဆောင်ရွက်သွားကြရန် BRICS အဖွဲ့ဝင်နိုင်ငံများအား ယနေ့(ဇူလိုင်လ ၇ ရက်) တွင် တိုက်တွန်းစကားပြောကြားလိုက်သည်။
ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့၌ ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေး မတိုင်မီ ဘရာဇီး ၊ ရုရှား ၊ အိန္ဒိယ ၊ တရုတ် နှင့် တောင်အာဖရိက နိုင်ငံများပါဝင်သည့် BRICS အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ၏ အလွတ်သဘောတွေ့ဆုံမှုတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အထက်ပါ အတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။(Xinhua)