Connect with us

Europe

G20 သည် ကမ္ဘာ့စီးပွားရေး ပွင့်လင်းမှုအတွက် ရပ်တည်ကာကွယ်သူ ဖြစ်သလို စီးပွားရေး မောင်းနှင်အားအသစ်ကို မွေးထုတ်ရန် တရုတ် သမ္မတ ရှီကျင့်ဖိန် တိုက်တွန်း

G20 ထိပ်သီးအစည်းအဝေး တက်ရောက်နေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ဟမ်းဘတ်၊ ဂျာမနီ၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့စီးပွားရေးက နလန်ထူမည့် လက္ခဏာ ရှိသော်ငြားလည်း မသေချာမှုများ ကျန်ရှိနေသေးသောကြောင့် ကမ္ဘာ့စီးပွားရေး ပွင့်လင်းမှုနှင့် ဘက်စုံပါဝင်သော ကမ္ဘာ့ကုန်သွယ်မှုစနစ်အတွက် G20 (Group of 20) အဖွဲ့ဝင်နိုင်ငံများသည် ရပ်တည်ကာကွယ်ပေးသူများ ဖြစ်ကြရမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇူလိုင်လ ၇ ရက်က တိုက်တွန်း ပြောကြားလိုက်သည်။

ရှီသည် ဂျာမနီနိုင်ငံ မြောက်ပိုင်း အဓိက ဆိပ်ကမ်းမြို့ဖြစ်သော ဟမ်းဘတ်တွင် ပြုလုပ်သည့် G20 နှစ်ပတ်လည် အစည်းအဝေး၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာ့ စီးပွားရေးအတွက် မောင်းနှင်အားအသစ် မွေးထုတ်ခြင်း၊ တိုးတက်မှုများ ပိုမိုရရှိစေရန်နှင့် ကမ္ဘာ့စီးပွားရေး အုပ်ချုပ်မှုစနစ် မြင့်တက်စေခြင်း စသည်တို့အား ပူးပေါင်း အားထုတ်လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။

စီးပွားရေး ပွင့်လင်းမှု

ယခုနှစ်၏ G20 ထိပ်သီးအစည်းအဝေးအား “ချိတ်ဆက်မှုရှိသော ကမ္ဘာကြီး တစ်ခုကို ပုံဖော်ကြစို့” ဟူသော ခေါင်းစဉ်ဖြင့် ဇူလိုင်လ ၇ ရက်နှင့် ၈ ရက်နေ့များ၌ ကျင်းပနေခြင်း ဖြစ်ပြီး အရှိန်အဟုန်များ ပေါင်းစုကာ ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှု ဆက်လက်ဖြစ်တည်ရေးနှင့် ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ ပေါင်းစည်းခြင်းဖြင့် ခိုင်မာသော စီးပွားရေး စွမ်းဆောင်မှု တစ်ရပ် ဖော်ဆောင်ပြသသွားမည် ဖြစ်သည်။

သို့သော်လည်း ကမ္ဘာ့စီးပွားရေးမှာ ခိုင်မာအမြစ်တွယ်နေပြီဖြစ်သော ပြဿနာရပ်များ ဖိစီးနေပြီး ဖြစ်ကြောင်း၊ မသေချာမှုများနှင့် မတည်ငြိမ်သည့် အကြောင်းရင်းများ ရင်ဆိုင်နေရကြောင်း ရှီက ထောက်ပြ ပြောဆိုခဲ့သည်။

ရှီက ဆက်လက်၍ တီထွင်ဆန်းသစ်မှုနှင့် ဖွံ့ဖြိုးမှု အခန်းကဏ္ဍဖြင့် ကမ္ဘာ့ တိုးတက်မှုအတွက် မြှင့်တင်သင့်ကြောင်း၊ ဒီဂျစ်တယ် စီးပွားရေး၊ စက်မှု တော်လှန်ရေးအသစ်တို့တွင် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန်၊ နည်းပညာသစ်များ၊ စက်မှုလုပ်ငန်းသစ်များ၊ စီးပွားရေးပုံစံအသစ်များနှင့် ထုတ်ကုန်အသစ်များ စသည်တို့တွင် ပူးတွဲခြင်း လုပ်ဆောင်ရန် G20 အဖွဲ့ဝင်များအား အဆိုပြုကြောင်း သိရသည်။

ထို့ပြင် G20 အဖွဲ့ဝင်များအနေဖြင့် မက်ခရို စီးပွားရေး မူဝါဒများ ညှိနှိုင်းဆောင်ရွက်မှု ခိုင်မာရေး၊ ငွေကြေး ဈေးကွက် ဆုံးရှုံးနစ်နာနိုင်ခြေကို ဟန့်တားခြင်း၊ စစ်မှန်သော စီးပွားရေး တိုးတက်မှုအတွက် မှန်ကန်စွာ မောင်းနှင်ပေးမည့် ငွေကြေးကဏ္ဍ တည်ဆောက်ရန်အတွက် ဘဏ္ဍာရေး အပါအဝင်နှင့် အစိမ်ရောင် ဘဏ္ဍာငွေ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ရှီက ဖြည့်စွက် ပြောကြားခဲ့သည်။

အကြမ်းဖက်မှု နှိမ်နင်းရေး

G20 ခေါင်းဆောင်များသည် ဇူလိုင်လ ၇ ရက် နံနက်ပိုင်းက အကြမ်းဖက်မှု နှိမ်နင်းရေးဆိုင်ရာ အစည်းအဝေး တစ်ခု ကျင်းပခဲ့စဉ်တွင်လည်း သမ္မတ ရှီက အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် စည်းလုံး ညီညွတ်သော ကမ္ဘာလုံးဆိုင်ရာ စစ်မျက်နှာပြင် တစ်ခု ဖွင့်လှစ်သင့်ကြောင်း ရှီက အဆိုပြုခဲ့သည်။

မကြာသေးမီ နှစ်များကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းက အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက် အဖွဲ့အစည်းများ ပျံ့နှံ့ရေးအတွက် ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ကာ ဟန့်တားခဲ့ကြောင်း၊ သို့သော်လည်း အကြမ်းဖက်မှုကမူ အမြစ်ပြုတ်သွားခြင်း မရှိခဲ့ကြောင်း ရှီက ဖြည့်စွက် ပြောကြားခဲ့သည်။

အကြမ်းဖက် တိုက်ဖျက်ရေးအတွက် စည်းလုံး ညီညွတ်သော ကမ္ဘာလုံးဆိုင်ရာ စစ်မျက်နှာပြင် တစ်ခု ဖွင့်လှစ် တည်ထောင်ကာ အကြမ်းဖက်ဝါဒကို အမြစ်ပြတ် ချေမှုန်းသွားရန်၊ အကြမ်းဖက်သမားများအတွက် ရန်ပုံငွေ ရရှိရေး လမ်းကြောင်းများ ဖြတ်တောက်ရန် ၊ အကြမ်းဖက်သမားများက အကြမ်းဖက်ဝါဒ ပြန့်ပွားရေးအတွက် အင်တာနက် အသုံးပြုမှု ရပ်တန့်ရေး လုပ်ဆောင်သွားရန်တို့ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှီက ဆိုသည်။

“တရုတ်နိုင်ငံကိုယ်တိုင်ကလည်း အကြမ်းဖက်မှုရဲ့ သားကောင်ပါပဲ။ အကြမ်းဖက်မှု ဆန့်ကျင်ဖို့ နိုင်ငံတကာ လုပ်ဆောင်ရာမှာ ရှေ့တန်းက ပါဝင်နေပါတယ်” ဟု ရှီက ပြောသည်။

G20 သည် ကမ္ဘာ့ ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ဈေးကွက် လျင်မြန်စွာ ပေါ်ထွန်းလာသည့် နိုင်ငံများ ပေါင်းစည်းထားသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှု အဓိက ဖိုရမ် တစ်ခု ဖြစ်ပြီး ကမ္ဘာ့ ဂျီဒီပီ၏ ၈၅ ရာခိုင်နှုန်း၊ ကမ္ဘာ့ ကုန်သွယ်မှု၏ ၈၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ လူဦးရေ၏ သုံးပုံ နှစ်ပုံရှိကြောင်း သိရသည်။

အာရှ ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်ပြီးနောက် ၁၉၉၉ ခုနှစ်တွင် ဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေးအဖြစ် G20 ကို စတင် ကျင်းပခဲ့သည်။ ၎င်းတွင် ဥရောပသမဂ္ဂနှင့် နိုင်ငံ ၁၉ နိုင်ငံတို့ ပါဝင်သည်။

G20 ၏ ပထမဆုံး ထိပ်သီး အစည်းအဝေးကို ၂၀၀၈ ခုနှစ်၌ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင် ကျင်းပခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ငွေကြေး အကျပ်အတည်းအား တုံ့ပြန်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.