Connect with us

Europe

နယ်စပ်များ ကာကွယ်ရေး၊ လုံခြုံရေး မြှင့်တင်ခြင်း အတွက် ဥရောပ ခေါင်းဆောင်များအား ပြင်သစ် သမ္မတ တိုက်တွန်း

ပြင်သစ် သမ္မတ ဖရတ်ဆွာ ဟော်လန်ဒီအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘရာတစ္စလာဗာ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

နယ်စပ် ကာကွယ်ရေး၊ လုံခြုံရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် လူငယ်များ၏ အနာဂတ်အတွက် နှင့်ပတ်သက်၍ ဥရောပ ခေါင်းဆောင်များအား အလေးထားရန် ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်ဒီက စက်တင်ဘာလ ၁၆ ရက်က တိုက်တွန်းလိုက်သည်။

ဥရောပသမဂ္ဂ နယ်စပ်များအား ကာကွယ်ရေး၊ လုံခြုံရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် လူငယ်များ၏ အနာဂတ် စသည်တို့သည် ဦးစားပေး ကိုင်တွယ်သင့်ကြောင်း ဆလိုဗက်ကီးယားနိုင်ငံ မြို့တော် ဘရာတစ္စလာဗာတွင် ပြုလုပ်သည့် အီးယူ အစည်းအဝေးပြီးနောက် ဟော်လန်ဒီက ပြောကြားခဲ့သည်။အီးယူ နယ်စပ်များ ခိုင်မာစွာ ကာကွယ်ထားခြင်းဖြင့် ရွှေ့ပြောင်း ဒုက္ခသည်များ ခိုလှုံခွင့်ရရှိထားသူများကို ကူညီထောက်ပံ့နေသည့် တစ်ချိန်တည်းမှာပင် ရွှေ့ပြောင်းသူများ စုပြုံဝင်ရောက်လာခြင်းအား ထိန်းချုပ်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။“အထူးသဖြင့် ရွှေ့ပြောင်း ဒုက္ခသည်များ ဝင်ရောက်မှု အများဆုံး ဖြစ်နေတဲ့ ဂရိ၊ အီတလီနဲ့ ဟန်ဂေရီနိုင်ငံတွေ ကို ပိုပြီး ကူညီပေးဖို့ ကျွန်တော်တို့ ကတိပြုပါတယ်” ဟု ဟော်လန်ဒီက အလေးထား ပြောကြားခဲ့သည်။လုံခြုံရေးအား အလေးထား ပြောကြားရာတွင် ပြင်သစ် သမ္မတက အကြမ်းဖက်မှု ဆန့်ကျင်ရေး ခိုင်မာစွာ လုပ်ဆောင်ရန်နှင့် တာဝန်ရှိခြင်းအား နားလည် သဘောပေါက်ကြရန် ဥရောပ ခေါင်းဆောင်များအား မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.