Connect with us

Europe

ဟေးလုံကျန်းမြစ်ပေါ် တည်ဆောက်ထားသော တရုတ်-ရုရှား တံတား ၂၀၁၈ ခုနှစ်တွင် ပြီးစီးမည်

ဟေးလုံကျန်း မြစ်ကူးတံတားအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မော်စကို၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဟေးလုံကျန်းမြစ်အား ဖြတ်ကျော် တည်ဆောက်ထားသည့် တံတားအား ရုရှားနိုင်ငံဘက်ခြမ်းမှာ ပြီးစီးလုနီး ဖြစ်နေပြီး ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် တရုတ်နိုင်ငံနှင့် ချိတ်ဆက်နိုင်မည် ဖြစ်ကြောင်း ရုရှား ပို့ဆောင်ရေး ဝန်ကြီး မက်ဆင် ဆိုကိုလေ့ာဗ်က စက်တင်ဘာလ ၁၄ ရက်၌ ပြောကြားခဲ့သည်။

တရုတ်တွင် ဟေးလုံကျန်းဟု ခေါ်ဆိုပြီး ရုရှားတွင် အမ်မာ ဟုခေါ်ဆိုသော အဆိုပါ မြစ်ပေါ်သို့ ဖြတ်ကာ တည်ဆောက်မည့် အကြံဉာဏ်အား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့က ၂၀၁၃ ခုနှစ် စိန့် ပီတာစဘာ့ခ်တွင် ပြုလုပ်သည့် G20 ထိပ်သီး အစည်းအဝေး၌ သဘောတူခဲ့ခြင်း ဖြစ်သည်။
ယင်း တံတားသည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်ရှိ တုံကျန်း ဆိပ်ကမ်းနှင့် ရုရှားနိုင်ငံ Nizhneleninskoye ဒေသသို့ ချိတ်ဆက်မည် ဖြစ်ပြီး တံတား အရှည် ၂၂၁၅ မီတာနှင့် နှစ်စဉ် ကုန်စည် သယ်ပို့ ခံနိုင်ဝန် တန် ၂၁ သန်း ရှိရန် ဒီဇိုင်း ရေးဆွဲထားကြောင်း သိရသည်။
တရုတ်နိုင်ငံဘက်ခြမ်းမှ တံတား တည်ဆောက်မှုအပိုင်းသည် အတန်အသင့် ပြီးစီးနေပြီး ရုရှားနိုင်ငံဘက်ကမူ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဟု ရည်မှန်းထားသော်လည်း ယခုလို နှောင့်နှေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခု တံတားသစ်သည် ရုရှားနိုင်ငံ အရှေ့ပိုင်း ဒေသနှင့် တရုတ်နိုင်ငံသို့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်မည့် လမ်းကြောင်း အရှည် ကီလိုမီတာ ၇၀၀ ခန့် သက်သာစေမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.