Connect with us

Europe

နိုင်ငံတကာ မူးယစ်ဆေးဝါးရောင်းဝယ်ရေးအဖွဲ့အား ကနေဒါရဲတပ်ဖွဲ့ ဖော်ထုတ်ဖမ်းဆီး

ကနေဒါနိုင်ငံတွင်ဖမ်းဆီးရမိသည့် ကိုကင်းများအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုရန်းတို၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နှင့် မက္ကဆီကိုနိုင်ငံများသို့ မူးယစ်ဆေးဝါးများ တင်ပို့နေသည့် နိုင်ငံတကာ မူးယစ်မှောင်ခိုဂိုဏ်းတစ်ခု ကို ဖော်ထုတ်နိုင်ခဲ့ပြီး ကိုကင်း ၅၅ကီလိုဂရမ်ကို ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း အွန်တာရီအို ပြည်နယ် ရဲတပ်ဖွဲ့က ဧပြီ ၃ရက်တွင်ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များသည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ မောင်းနှင်လာသော ကုန်တင်ကားတစ်စီး ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ကိုကင်း ၅၅ကီလိုဂရမ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒုတိယရဲမင်းကြီး Rick Barnum ကပြောကြားခဲ့သည်။

Barnum က ရဲတပ်ဖွဲ့ဝင်များသည် ကိုကင်းများ အစပြုဝင်ရောက်လာသော မက္ကဆီကို နိုင်ငံသို့ ဦးတည်နေသည့် ပိုက်ဆံများကိုလည်း ဆက်စပ်ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။

တရားခံ ၃ဦးကို ၁၅လကြာစုံစမ်းစစ်ဆေးပြီးနောက် စွဲချက် ၁၄ ခုဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း ရဲတပ်ဖွဲ့သည် ကနေဒါဒေါ်လာ ၈၀၀,၀၀၀ ( အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀)၊ ကုန်ကားတစ်စီး၊ တွဲဆိုင်းတစ်ခု နှင့် မော်တော်ယာဉ် ၃စီးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.