Connect with us

Europe

မြောက်မက်ဆီဒိုးနီးယားတွင် လေယာဉ်ပျက်ကျမှုကြောင့် လူ ၄ဦးသေဆုံး

မြောက်မက်ဆီဒိုးနီးယားတွင် ပျက်ကျခဲ့သည့် လေယာဉ်တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

စကော့ဂျီ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

မြောက်မက်ဆီဒိုးနီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံအလယ်ပိုင်း Solunska Glava တောင်တန်းအနီးတွင် မတ် ၂ ရက် က လေယာဉ်တစ်စီးပျက်ကျခဲ့ရာ လေယာဉ်ပေါ်၌ လိုက်ပါလာသူ ၄ဦးစလုံး သေဆုံးခဲ့ကြောင်း မတ် ၃ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

အဆိုပါလေယာဉ်သည် နိုင်ငံ အနောက်တောင်ဘက် Ohrid မြို့ မှ ဘူဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့သို့ ပျံသန်းလာခြင်းဖြစ်ပြီး လိုက်ပါလာသူအားလုံးမှာ ဘူလ်ဂေးရီးယားနိုင်ငံသားများဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာန၏ ပြောကြားချက်အရ ရဲတပ်ဖွဲ့သည် Cessna P210N လေယာဉ်၏ အပျက်အစီးအပိုင်းအစများကို မတ် ၂ရက် ညနေပိုင်းတွင် Solunska Glava တောင်ထိပ်၏ အနောက်မြောက်ဘက် ၅ကီလိုမီတာ အကွာတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

လေယာဉ်သည် ရေဒါမှ မတ် ၂ရက် ဒေသစံတော်ချိန် ညနေ ၄း၁၆နာရီတွင် ပျောက်ဆုံးသွားခဲ့ပြီး လေယာဉ်မပျောက်ဆုံးမီ လေယာဉ်မှူးက လေယာဉ်သည် ပြင်းထန်သော ရာသီဥတုပြောင်းလဲမှုများ နှင့် တွေ့ကြုံနေရကြောင်း သတင်းပေးပို့ခဲ့သည်။

အဆိုပါ လေယာဉ်ပျက်ကျမှု နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.