Europe
ပြင်သစ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး က အီရန် နိုင်ငံ သို့ သွားရောက် လည်ပတ်မည့် ခရီးစဉ် အား ရွှေ့ဆိုင်း
ပဲရစ် ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)
ပြင်သစ် နိုင်ငံ သမ္မတ နှင့် အီရန် နိုင်ငံ သမ္မတ တို့က ဇန်နဝါရီ ၂ ရက်နေ့ ၌ ဖုန်းဖြင့် ဆက်သွယ်ပြောကြား ခဲ့ပြီး နောက်တွင် အီရန် နိုင်ငံ ၏ လက်ရှိချိန်တွင် ဖြစ်ပွား နေသည့် ဆန္ဒပြမှု များကြောင့် ပြင်သစ် နိုင်ငံ နိုင်ငံ ခြားရေး ဝန်ကြီး ၏ လည်ပတ်ရေး ခရီးစဉ် ကို ရွှေ့ဆိုင်းခဲ့ကြောင်း ပြင်သစ် နိုင်ငံ သမ္မတ ရုံး၏ ထုတ်ပြန်ချက် အရ သိရှိရသည်။
ထုတ်ပြန်ချက်တွင် ပြင်သစ် နှင့် အီရန် နှစ်နိုင်ငံ အနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ပြီး လည်ပတ်ရေး ခရီးစဉ် ၏ ရက်စွဲအသစ် ကို လာမည့် သီတင်းပတ် အနည်းငယ် အတွင်း ဆက်သွယ်မှုများကို ထိန်းသိမ်း သွားပြီး ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။
ထို့ပြင် ထုတ်ပြန်ချက်တွင် ပြင်သစ် နိုင်ငံ သမ္မတ အနေဖြင့် အီရန် နိုင်ငံ ပြည်တွင်း အခြေအနေ နှင့် ပတ်သက်၍ ချုပ်တည်းခြင်း ကို ထိန်းသိမ်းထားရန် တိုက်တွန်းခဲ့ပြီး နှစ်နိုင်ငံ အနေဖြင့် အီရန် နျူကလီးယား သဘောတူညီချက် ၊ ဆီးရီးယားအရေး နှင့် အကြမ်းဖက် နှိမ်နင်းရေး စသည် တို့ကို ဆွေးနွေးခဲ့ကြောင်း ပါဝင် ခဲ့သည်။
ပြင်သစ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ နိုင်ငံခြားရေး ဝန်ကြီး အနေဖြင့် မူလတွင် ဇန်နဝါရီ ၁ ရက်နေ့ မှ ၅ ရက်နေ့ အထိ အီရန် နိုင်ငံသို့ သွားရောက် လည်ပတ်ရန် စီစဉ် ထားကြောင်း သိရှိခဲ့ရသည်။(Xinhua)