Europe
ဗြိတိန် ရွေးကောက်ပွဲ ဇွန်လ ၈ ရက်တွင် ပြုလုပ်မည်ဟု ဝန်ကြီးချုပ် ပြောကြား

လန်ဒန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)
ဥရောပ သမဂ္ဂမှ ဗြိတိန်နိုင်ငံ ခွဲထွက်မည့် လုပ်ငန်းစဉ်များ တရားဝင် လုပ်ဆောင်ပြီး တစ်လနီးပါးအကြာ အထွေထွေ ရွေးကောက်ပွဲအား ဇွန်လ ၈ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေက ယနေ့ (ဧပြီလ ၁၈ ရက်) တွင် ကြေညာလိုက်သည်။
မေသည် ဒေါင်းနင်းလမ်းတွင် ၎င်း၏ အစိုးရအဖွဲ့နှင့် အစည်းအဝေးလုပ်ပြီးနောက် အရေးပေါ် ကြေညာချက် တစ်စောင် ထုတ်ပြန်ကာ ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။
၂၀၂၀ ခုနှစ်တွင် ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီ ယခုလို ရွေးကောက်ပွဲ တစ်ရပ် ပြုလုပ်နိုင်ကြောင်း မေက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)