Connect with us

Europe

ရုရှား နိုင်ငံ က အမေရိကန် နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ အပေါ် တစ်ဖက်သတ် ဆောင်ရွက်မှု များမပြုလုပ်ရန် မျှော်လင့်ကြောင်းပြော

ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Lavrov အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံခြားရေး ဝန်ကြီး Lavrov က ရုရှား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ မှ ဆီးရီးယား နိုင်ငံ အပေါ် ဆောင်ရွက်ခဲ့သည့် တစ်ဖက်သတ် ဆောင်ရွက်မှုမျိုးအား မြောက်ကိုရီးယား နိုင်ငံ အပေါ် မဆောင်ရွက်ရန် မျှော်လင့် ကြောင်း ပြောကြား ခဲ့သည်။

Lavrov က အမေရိကန် နိုင်ငံ ဒုတိယ သမ္မတ Mike Pence ၏ “ဝါရှင်တန် မှ မြောက်ကိုရီးယား နိုင်ငံ အပေါ်ထားရှိသည့် မဟာဗျူဟာ သည်းခံမှု သည် ပြီးဆုံးခဲ့ပြီ”ဟူသော ပြောဆိုမှုနှင့် ပတ်သက်၍ ရုရှား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ သည် ပြီးခဲ့သည့် ကာလတစ်လျှောက်လုံးတွင် မြောက်ကိုရီးယား နိုင်ငံ အပေါ် မဟာဗျူဟာ သည်းခံမှု ထားရှိခဲ့သည် ဟုမယူဆကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ အပေါ် အပြင်းထန်ဆုံးသော ပိတ်ဆို့အရေးယူမှုများကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေဖြင့်လည်း လုံလောက်သည့် ပြင်းထန်သော အရေးယူမှု များကို ဆောင်ရွက်ခဲ့ပြီး မြောက်ကိုရီးယား နိုင်ငံ အား အကြိမ်ကြိမ် ဝေဖန်ပြစ်တင် ခဲ့ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Lavrov က အမေရိကန် နိုင်ငံ မှ မြောက်ကိုရီးယား နိုင်ငံ အား တစ်ဖက်သတ် စစ်အင်အားဖြင့် ခြိမ်းခြောက်မှု ဆောင်ရွက်ခဲ့ပါက လွန်စွာ အန္တရာယ်များသည့် ဆောင်ရွက်မှု ဖြစ်ကြောင်း ၊ ရုရှား နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ မှ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ ဆုံးဖြတ်ချက် အများအပြား ကို ချိုးဖောက်ခဲ့ပြီး နျူကလီးယား စမ်းသပ်မှု နှင့် ဒုံးကျည် ပစ်လွှတ်စမ်းသပ်မှု များ ဆောင်ရွက်ခဲ့သည့် အပေါ် လက်မခံကြောင်း ၊ သို့သော်လည်း အမေရိကန် နိုင်ငံ မှ ထိုနည်းတူစွာ နိုင်ငံတကာ ဥပဒေ ကို ချိုးဖောက်ပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ကို ဖျက်ဆီးသည့် ပုံစံဖြင့် စစ်အင်အား အသုံးပြုနိုင်သည်ဟူသော အဓိပ္ပါယ် သို့ မသက်ရောက်ကြောင်း ၊ ရုရှားနိုင်ငံ အနေဖြင့် မကြာသေးသည့် အချိန်က အမေရိကန် နိုင်ငံ မှ ဆီးရီးယား နိုင်ငံ အပေါ် ဆောင်ရွက်ခဲ့သည့် တစ်ဖက်သတ် ဆောင်ရွက်မှု မျိုးကို ထပ်မံ မမြင်တွေ့လိုကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ သမ္မတ သတင်းပြန်ကြားရေး ဆိုင်ရာ အတွင်းရေးမှူး Peskov က ဧပြီ လ ၁၇ ရက်တွင် ရုရှား နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား အရေး နှင့်ပတ်သက်၍ ရပ်တည်မှု သည် ကာလတစ်လျှောက် ပြောင်းလဲမှု မရှိကြောင်း ၊ သက်ဆိုင်ရာ အသီးသီး တို့မှ ချုပ်ငြိမ်းကာ မည်သည့် ရန်ပြုသည့် သဘော သက်ရောက်သော ဆောင်ရွက်မှုမျိုးကိုမှ မဆောင်ရွက်ရန် တိုက်တွန်းကြောင်း ၊ ရုရှား နိုင်ငံ အနေဖြင့် ဆက်လက်၍ နိုင်ငံတကာ နှင့် ညှိနှိုင်းဆောင်ရွက်မှု ကို ကြိုးပန်းဆောင်ရွက်ကာ ရရှိခဲ့ပြီး ဖြစ်သော မူဘောင်များအောက် တွင် မြောက်ကိုရီးယား အရေး ကို ဖြေရှင်းသွားမည် ဖြစ်ကြောင်း မီဒီယာ များထံသို့ ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.