Connect with us

Europe

မူးယစ်ဆေးဝါး ကုန်သွယ်မှု တိုက်ဖျက်ရန် အမေရိကန် လေယာဉ် ၂၄ စင်း အာဂျင်တီးနား ဝယ်ယူမည်

T6-C Texan II လေယာဉ် တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဗျူနို အေးရီးစ်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

မူးယစ်ဆေးဝါး ကုန်သွယ်မှုအား တိုက်ဖျက်ရာတွင် အသုံးပြုရန် အမေရိကန်နိုင်ငံမှ လေယာဉ် ၂၄ စင်းအား အာဂျင်တီးနားက ဝယ်ယူမည် ဖြစ်ပြီး အနည်းဆုံး ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ သန်း ၃၀၀ ခန့် ရှိမည် ဖြစ်ကြောင်း ဒေသဆိုင်ရာ မီဒီယာက သြဂုတ်လ ၉ ရက် သတင်းတွင် တင်ပြထားသည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဋ္ဌာနကလည်း T6-C Texan II လေယာဉ် ၂၄ စင်းအား ရောင်းချရန် ခွင့်ပြုခဲ့ ပြီး ဖြစ်ကြောင်း အာဂျင်တီးနား နေ့စဉ် သတင်းစာ La Nacion အရ သိရသည်။
ယင်း ခွင့်ပြုချက်သည် သတင်းထုတ်ပြန်ချက်ဖြင့် တရားဝင် ခွင့်ပြုထားခြင်း ဖြစ်ကြောင်းနှင့် လေယာဉ်မှူးများ အတွက် လေ့ကျင့်ခြင်းနှင့် အထူးသဖြင့် မြောက်ပိုင်း နယ်စပ်၌ စိမ့်ဝင် ပျံ့နှံ့နေသည့် မူးယစ်ဆေးဝါး ရောင်းဝယ် ခြင်းအား ထိန်းချုပ်မှု စစ်ဆင်ရေးအတွက် အသုံးပြုမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယခု အရောင်းအဝယ် ပြုလုပ်ရန် သဘောတူ စာချုပ်တွင် ပါဝင်သည့် လေယာဉ်များသည် အမေရိကန် အနောက်အလယ်ပိုင်း ဒေသ ကန်းဆက်ပြည်နယ်ရှိ Beechcraft ကာကွယ်ရေး ကုမ္ပဏီမှ ထုတ်လုပ်သည့် ပန်ကာတပ်ထားသော တာဗိုဂျက်ဖြင့် မောင်းနှင်သော နှစ်ယောက်စီး လေယာဉ်များ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.