Connect with us

Europe

ဂျာမနီအနောက်ပိုင်းတွင် IS အဖွဲ့ဝင်ဟု သံသယရှိသူအား ဖမ်းဆီး

ဂျာမနီ အထူးတပ်ဖွဲ့ဝင်များ သံသယရှိသူ တစ်ချို့အား ဖမ်းဆီးခေါ်ဆောင်လာစဉ် (ဓါတ်ပုံ-အင်တာနက်)

ဂျာမနီ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ အနောက်ဘက် Rheinland-Pfalz ပြည်နယ် တွင် IS စစ်သွေးကြွအဖွဲ့ဝင်ဟု ယူဆရသူ တစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း ဂျာမနီမီဒီယာ က သြဂုတ် ၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ဂျာမနီ အထူးတပ်ဖွဲ့ဝင်များသည် ဂျာမနီနိုင်ငံ အနောက်တောင်ဘက် Mutterstadt မြို့တွင် စီးနင်းမှု တစ်ရပ်ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ သံသယရှိသူအား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း dpa သတင်းကဖော်ပြသည်။
ယင်းသံသယရှိသူသည် IS စစ်သွေးကြွအဖွဲ့၏အကြီးတန်း အဖွဲ့ဝင် တစ်ဦး၏ ကိုယ်စား အကြမ်းဖက်ကိစ္စများကို ဆောင်ရွက်ပေးနေသည် ဟု ယူဆကြသည်။
အဆိုပါ အကြမ်းဖက်သမားသည် သြဂုတ်လကုန်ပိုင်းလောက်တွင် ကျင်းပရန် စီစဉ်ထားသော Bundesliga ဘောလုံးပွဲစဉ် များအစ ၌ တိုက်ခိုက်မှု တစ်ခု ပြုလုပ်ရန်စီစဉ်နေသည်ဟု ယူဆရကြောင်း Rhineland-Palatinate ပြည်နယ် ၏ ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ၏ ပြောကြားချက်ကို ကိုးကား၍ သတင်း၌ဖော်ပြခဲ့သည်။
ဂျာမနီနိုင်ငံ နှင့် နယ်သာလန်နိုင်ငံတို့က နှစ်နိုင်ငံ ချစ်ကြည်ရေး ဘောလုံးပွဲအား ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ဘောလုံးပွဲကို ပစ်မှတ်ထား ၍ ဗုံးခွဲတိုက်ခိုက်မှု တစ်ခု စီစဉ်ထားသည်ဟု ဂျာမနီရဲတပ်ဖွဲ့က သတင်းပေးခဲ့၍ ဘောလုံးပွဲ ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.