Europe
ရုရှား နိုင်ငံ နေအိမ် အဆောက်အဦ တစ်ခု တွင် သဘာဝ ဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်ပွား လူ တစ်ဦး သေဆုံး လေးဦး ပျောက်ဆုံးနေ
မော်စကို ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
ရုရှား နိုင်ငံ အရေးပေါ် အခြေအနေ ဌာန ၏ ထုတ်ပြန် ကြေညာချက် အရ နိုင်ငံ တောင်ပိုင်း Rostov ပြည်နယ် Shakhty မြို့ ရှိ နေအိမ် တစ်ခု က ဇန်နဝါရီ ၁၄ ရက် ၌ သဘာဝ ဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ လူ တစ်ဦး သေဆုံး ခဲ့ပြီး ၄ ဦး ပျောက်ဆုံး နေကြောင်း သိရှိရသည်။
ယနေ့ နံနက်ပိုင်း အချိန် ထိ ပြိုကျ ခဲ့သည့် အဆောက်အဦပုံ အောက် မှ လူ ၇ ဦး အား ကယ်ထုတ်ပေး နိုင်ခဲ့ပြီး အဆောက်အဦး အတွင်း ပိတ်မိနေသော လူ ၄၃ ဦး ကိုလည်း ကယ်ထုတ်ပေး နိုင်ခဲ့ကြောင်း ၊ အချင်းဖြစ်ပွား ရာနေရာ မှ လူပေါင်း ၁၄၀ ဦး အား ပြောင်းရွှေ့ နေရာ ချထားပေး ခဲ့ကြောင်း ၊ ရုရှား နိုင်ငံ သမ္မတ ပူတင် က သက်ဆိုင်ရာ ဌာန များအား အချင်းဖြစ်ပွား ရသည့် အကြောင်းရင်း နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် နှင့် ဘေးဒုက္ခရောက် ခဲ့သည့် ပြည်သူလူထု များအား ထောက်ပံ့မှုများ ပြုလုပ်ရန် ညွှန်ကြား ခဲ့ကြောင်း သိရှိရသည်။
ရုရှား နိုင်ငံ အရေးပေါ် အခြေအနေ ဌာန ၏ ထုတ်ပြန် ကြေညာချက် အရ ပေါက်ကွဲမှုကြောင့် ယင်း အဆောက်အဦး ၏ ၈ ထပ် နှင့် ၉ ထပ် ရှိ တိုက်ခန်းများ က လုံးဝ ပြိုကျ သွား ခဲ့ကြောင်း ၊ ပေါက်ကွဲမှု လွန်စွာ ပြင်းထန်သောကြောင့် ယင်း အဆောက်အဦး ဆက်လက် ပြိုကျမှု ဖြစ်ပွား နိုင်ကြောင်း ၊ လက်ရှိချိန်တွင် ကယ်ဆယ်ရေး လုပ်ငန်း ဆက်လက်ဆောင်ရွက်နေကြောင်း သိရှိရသည်။(Xinhua)