Connect with us

Europe

သြစတြေးလျနိုင်ငံတွင် ဂီတဖျော်ဖြေပွဲများတွင် မူးယစ်ဆေးအလွန်အကျွံ သုံးစွဲရာမှ လေးလအတွင်း သေဆုံးသူ လူ ၅ ဦးအထိရှိလာ

FOMO ဂီတဖျော်ဖြေပွဲတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ ဂီတဖျော်ဖြေပွဲတစ်ခုတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲထားသည်ဟု သံသယရှိသူတစ်ဦး သေဆုံးမှုဖြစ်ပွားပြီးနောက် လေးလအတွင်း သေဆုံးသူ ၅ ဦအထိ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

ဆစ်ဒနီမြို့တောင်ပိုင်းတွင် ဇန်နဝါရီလ ၁၂ ရက် ညနေပိုင်းက FOMO ဂီတဖျော်ဖြေပွဲ၌ အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦး လဲကျသွားခဲ့ကြောင်း၊ ၎င်းအား အနီးအနားရှိ ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ် နောက်ဆက်တွဲအနေဖြင့် မိန်းကလေးငယ်များ၏ မိသားစုဝင်များက ဖျော်ဖြေပွဲများ၌ ဘေးကင်းလုံခြုံမှုရှိစေရန် မူးယစ်ဆေးဝါးသုံးစွဲထားခြင်းရှိမရှိ ပဏာမဆေးစစ်မှု ဦးစွာလုပ်ဆောင်ရန် အစိုးရအား မေတ္တာရပ်ခံထားသည်။

“ဒါက အသက်တစ်ချောင်းကို ကယ်နိုင်မယ်ဆိုရင်၊ အသက်တစ်ချောင်းဆိုတာကလည်း ဘဝတစ်ခုပဲလေ။ ဒါတွေက ကလေးတွေပါ” ဟု သေဆုံးသွားသည့် မိန်းကလေး၏ အဘွားဖြစ်သူက ဒေသခံမီဒီယာသို့ ပြောကြားခဲ့သည်။

သို့သော် နယူးဆောက်ဝေးပြည်နယ် ဝန်ကြီးချုပ် ဂလက်ဒီစ် ဘာရီဂျစ်လီယံ (Gladys Berejiklian) က ထိုစီမံချက်သည် အန္တရာယ်ကို လျှော့ချပေးနိုင်မည်လားဆိုသည်ကို ရှင်းလင်းစွာမသိရှိရကြောင်း ပြောကြားကာ ကန့်ကွက်ထားဆဲဖြစ်သည်။

“ကျွမ်းကျင်သူတွေကတော့ လူသေစေနိုင်တဲ့ တရားမဝင် မူးယစ်ဆေးတွေ ယူဆောင်နေတာကို တင်းကျပ်တဲ့ သတိပေးချက် ထုတ်ဖို့လိုတဲ့အကြောင်းပြောနေပါတယ်” ဟု ဘာရီဂျစ်လီယံက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.