Europe
ရုရှား နိုင်ငံ မော်စကို မြို့တွင် မုန်တိုင်း တိုက်ခတ် ခဲ့သဖြင့် လူ ၁၁ ဦးသေဆုံး ကာ ၅၀ ဦး ဒဏ်ရာရရှိခဲ့ရ

မော်စကို ၊ မေ ၃၀ ရက် (ဆင်ဟွာ)
ရုရှား နိုင်ငံ ၏ မြို့တော် မော်စကို တွင် မေလ ၂၉ ရက်နေ့ ညနေပိုင်း၌ မုန်တိုင်း စတင် တိုက်ခတ် ခဲ့သဖြင့် လက်ရှိချိန်တွင် ၁၁ ဦးသေဆုံးကာ ၅၀ ဦး ဒဏ်ရာရရှိစေခဲ့သည်။
ရုရှား နိုင်ငံ အရေးပေါ်ကယ်ဆယ်ရေး ဌာန ၏ ထုတ်ပြန်ချက်တွင် မော်စကို မြို့တွင် တိုက်ခတ်ခဲ့သည့် လေတိုက်နှုန်းသည် အမြင့်ဆုံး တစ်စက္ကန့်လျှင် ၂၃ မီတာ အထိရှိခဲ့ပြီး လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်အများအပြား ပြိုလဲခဲ့ပြီး အဆောက်အဦ အချို့မှာလည်း ပျက်ဆီး ခဲ့ရကြောင်း ဖော်ပြခဲ့သည်။
မော်စကို မြို့ရှိ အဓိက လျှပ်စစ်ဓါတ်အားလိုင်း တစ်ခုသည်လည်း မုန်တိုင်း တိုက်ခတ် ခဲ့သဖြင့် ချို့ယွင်း ခဲ့ပြီး အိမ်ပေါင်း ၇၃၀၀ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်း ၊ မုန်တိုင်းကြောင့် မော်စကို မြို့တွင် ကားလမ်းများ ပိတ်ဆို့သွားခဲ့ပြီး ရထားလမ်း နှင့် လေကြောင်း ပို့ဆောင်ရေး တို့လည်း ထိခိုက်ခဲ့ရကြောင်း သိရှိရသည်။(Xinhua)