Connect with us

Europe

ဗြိတိန်တိရစ္ဆာန်ရုံတွင် အမျိုးသမီးဝန်ထမ်းတစ်ဦး ကျားကိုက်ခံရ၍ သေဆုံး

လှောင်အိမ် အနီးသို့ တိတ်တဆိတ်ချဉ်းကပ်လာသည့် ကျားတစ်ကောင်အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လန်ဒန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ ကန်းဘရစ်ရှိုင်းယားစီရင်စု ရဲတပ်ဖွဲ့ က ကန်းဘရစ်ရှိုင်းယားစီရင်စု ဟန့်တင်းဒန်မြို့ ရှိ ဟန်မာတန်တိရစ္ဆာန်ရုံ တွင် အမျိုးသမီး တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းတစ်ဦး ကျားကိုက်ခံရ၍ သေဆုံးခဲ့ကြောင်း မေလ ၂၉ ရက် ညနေပိုင်းက ပြောကြားခဲ့သည်။

ကန်းဘရစ်ရှိုင်းယား ရဲတပ်ဖွဲ့ဝင်တစ်ဦးက “ မေလ ၂၉ ရက် နေ့လည် ၁၁း၁၅နာရီ မှာ အခင်းဖြစ်ပွားခဲ့တဲ့ ဟန်မာတန်တိရစ္ဆာန်ရုံကို ရဲအရာရှိတွေသွားရောက်ခဲ့ပါတယ်။ ဖြစ်ပွားခဲ့ပုံမှာ အမျိုးသမီးဝန်ထမ်းရှိနေတဲ့ လှောင်အိမ်အကန့်ထဲကို ကျားတစ်ကောင် ဝင်ရောက်လာပြီး တိုက်ခိုက်ခဲ့အတွက် ယင်းအမျိုးသမီးဝန်ထမ်းဟာ အခင်းဖြစ်ပွားရာ၌ပင် သေဆုံးခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ လှောင်အိမ်အကန့်ထဲကနေ ကျားဘယ်အချိန် လွတ်မြောက်သွားလဲဆိုတာကိုတော့ မသိရှိခဲ့ပါဘူး”ဟု ၎င်း၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားခဲ့သည်။

ဟန်မာတန်တိရစ္ဆာန်ရုံက ယင်းဖြစ်ရပ်သည် မထင်မှတ်ထားသော မတော်တဆမှုတစ်ခုဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

တိရစ္ဆာန်ရုံက အခင်းဖြစ်ပွားချိန်၌ အခြားတိရစ္ဆာန်များ လှောင်အိမ်အတွင်း လွတ်မြောက်သွားခြင်းမရှိသလို အများပြည်သူ လုံခြုံရေးကို ထိခိုက်စေနိုင်မည့် အကြောင်းတစ်စုံတစ်ရာမရှိခဲ့ကြောင်း နှင့် တိရစ္ဆာန်ရုံကို မေလ ၃၀ ရက်နေ့မှ စ၍ ပိတ်သွားမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို အတတ်နိုင်ဆုံး ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၁၉၉၀ခုနှစ် ဇွန်လတွင် စတင်ဖွင့်လှစ်ခဲ့သော ဟန်မာတန်တိရစ္ဆာန်ရုံ သည် ၂၅ဧက အကျယ်အဝန်းရှိပြီး မလေးရှားကျားများ၊ ဘင်္ဂလားကျားများ၊ ကျားသစ်များ၊ ဝံပုလွေများ၊ သားပိုက်ကောင်များ အပါအဝင် အမျိုးအစားစုံလင်လှသော ငှက်များ၊ တွားသွားသတ္တဝါများ နှင့် ပြည်တွင်းမှ တိရစ္ဆာန်များကို ထိန်းသိမ်းပြသထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.