Connect with us

Europe

ရုရှားနိုင်ငံ အနောက်တောင်ပိုင်း၌ စစ်လေယာဉ်တစ်စင်းပျက်ကျ ၊ အသေအပျောက်စာရင်း ထုတ်ပြန်ထားခြင်းမရှိ

ရုရှားနိုင်ငံ မော်စကိုမြို့ အပြင်တွင် လေ့ကျင့်ပျံသန်းနေသော Yakovlev Yak-130 Mitten subsonic လေ့ကျင့်ရေးလေယာဉ်တစ်စင်းကို ၂ဝ၁၅ ခုနှစ် သြဂုတ်လ ၂၁ ရက်က တွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ အနောက်တောင်ပိုင်း Voronezh ဒေသရှိ Borisoglebsk လေယာဉ်ကွင်းအနီးတွင် စက်တင်ဘာလ ၁၆ ရက်က Yakovlev Yak-130 Mitten subsonic အမျိုးအစား စစ်လေယာဉ်တစ်စင်းသည် လေ့ကျင့်ပျံသန်းစဉ်အတွင်း ပျက်ကျသွားခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

လေယာဉ်မှူးသည် အနီးအနားရှိ အဆောက်အအုံတစ်လုံးအား တိုက်မိမှုမဖြစ်ပွားအောင် လေယာဉ်လက်ကိုင်ကို ထိန်းချုပ်နေစဉ်အတွင်း ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း နှင့် လေယာဉ်ဆင်းသက်ပြီးနောက် လေယာဉ်မှူးနှစ်ဦးစလုံးသည် ထိန်းချုပ်ရေးစင်တာသို့ချက်ချင်း သတင်ပေးပို့ခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်း လေယာဉ်မှူးနှစ်ဦးကို ကူညီပေးရန် ရှာဖွေရေး နှင့် ကယ်ဆယ်ရေး တပ်ဖွဲ့များကို စေလွှတ်ထားပြီးဖြစ်ကြောင်း ၊လေယာဉ်ကို ရုရှားလေတပ်သို့ဘေးကင်းစွာ ပို့ဆောင်ပေးခဲ့ကြောင်း နှင့် လေယာဉ်ပျက်ကျရခြင်းအကြောင်းကို စတင်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖြည့်စွက် ဖော်ပြထားသည်။

စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် လေယာဉ်ပျက်ကျခဲ့ရခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ်တစ်ဦးကို ကိုးကား၍ Interfax သတင်းဌာနက ဖော်ပြခဲ့သည်။YAK-130 သည် လေယာဉ်မှူး နှစ်ဦး လိုက်ပါစီးနင်းနိုင်သည့် လေ့ကျင့်ရေးလေယာဉ်အမျိုးအစားဖြစ်ကြောင်း ၊ ရုရှားနိုင်ငံမှ ၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်များတွင် ထုတ်လုပ်ခဲ့ကြောင်း နှင့် ရုရှားလေတပ်တွင် ၂ဝဝ၉ ခုနှစ်က စတင်ဝင်ရောက် ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.