Connect with us

Europe

လန်ဒန်မြို့သား ၂ သန်းကျော် မသန့်ရှင်းသော လေကို ရှူရှိုက်နေရဟု မြို့တော်ဝန်ပြော

လန်ဒန်မြို့ တော်ဝန် ခန်း အားတွေ့ ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

ကလေးသူငယ် ၄သိန်း အပါအဝင် လန်ဒန်မြို့သားပေါင်း ၂သန်းကျော်သည် မသန့်ရှင်းသော လေကို ရှူရှိုက်နေရကြောင်း မြို့တော်ဝန် ဆာဒိခ်ခန်း ( Sadiq Khan) က ဧပြီ ၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

မြို့တော်ဝန်ရုံးက ထုတ်ပြန်လိုက်သော အချက်အလက်သစ်အရ လူပေါင်း ၂ သန်းသည် လေထုညစ်ညမ်းမှုဖြစ်နေသည်ဆိုသည့် ဥပဒေအရ ကန့်သတ်ထားသော နယ်မြေများတွင် နေထိုင်ကြရကြောင်း ဆိုသည်။

လန်ဒန်မြို့တော် လေထုအခိုးအငွေ့တိုင်းတာရေး(LAEI)၏ နောက်ဆုံးထုတ်ပြန်ချက်အရ ဗြိတိန်နိုင်ငံမြို့တော် လန်ဒန်၌ ၂ဝ၁၃ ခုနှစ် မှ ၂ဝ၁၆ ခုနှစ်အတွင်း အဆိပ်အတောက်ဖြစ်သော လေထုထဲ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်(NO2) ပါဝင်မှုသည် သိသိသာသာ တိုးတက်ကောင်းမွန်လာခြင်းမရှိကြောင်း ၊ လန်ဒန်မြို့၏ သက်ရောက်မှုရှိသော နေရာများတွင် အမှန်တကယ်ဆိုးဆိုးရွားရွား ကြုံတွေ့နေရကြောင်း ဆိုသည်။

ဘုရင့်ကောလိပ်လန်ဒန်(KCL) ၏ မကြာခင်က ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ရပ်တွင် လန်ဒန်မြို့အနှံ့၌ လေထုအတွင်း NO2 ပါဝင်မှု အဆင့်သည် တရားဝင်လေထုအဆင့်သတ်မှတ်ချက်ဖြင့် နှိုင်းယှဉ်ပါက ယေဘုယျအားဖြင့် တိုးတက်မှုရှိကြောင်း ၊ ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၆ ခုနှစ်အတွင်း မြင်တွေ့ခဲ့ရသည့် အနေအထားအတိုင်းဆက်သွားမည်ဆိုပါက တရားဝင် လေထုသန့်ရှင်းမှုအဆင့်သတ်မှတ်ချက်ကို ရောက်ရှိရန် ၁၉၃ နှစ်အထိ အချိန်ယူရမည်ဖြစ်ကြောင်း ဆိုသည်။

ဘုရင့်ကောလိပ်က ရှေ့ဆက်လုပ်ဆောင်ရမည့်အကြံ ပြုချက်တစ်ခုကို ထုတ်ပြန်ခဲ့ရာ ယင်းအကြံပြုချက်အရ မြို့တော်ဝန်က လာမည့် ၆ နှစ်အတွင်း လေထုညစ်ညမ်းမှုလျှော့ချရေး မူဝါဒများ အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ပြီး ယင်း၏ဆိုလိုရင်းမှာ ၂ဝ၂၅ ခုနှစ်အရောက်တွင် လန်ဒန်မြို့၏ လေထုသည် တရားဝင်လေထုသန့်ရှင်းမှုအဆင့်သတ်မှတ်ချက်အတွင်း ရောက်ရှိစေရန် ဖြစ်ကြောင်း သိရသည်။

ဗြိတိသျှ အဆုတ်ဖောင်ဒေးရှင်း အမှုဆောင်အရာရှိချုပ် ဒေါက်တာ Penny Woods က “ လေထုညစ်ညမ်းမှုဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေး ၊ အထူးသဖြင့် ကလေးသူငယ်တွေ ၊ သက်ကြီးရွယ်အိုတွေအပေါ်မှာ အလွန်အကျွံသက်ရောက်မှုရှိပါတယ်။အဲဒီလို လေထုညစ်ညမ်းမှုက အဆုတ် နဲ့ကျန်းမာရေး အခြေအနေကို ထိခိုက်စေပါတယ်။ ညစ်ညမ်းတဲ့လေထုက အန္တရာယ်ရှိတယ်ဆိုတဲ့ သက်သေပြချက်အသစ်တွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီကိစ္စအပေါ် ခိုင်ခိုင်မာမာကိုင်တွယ်ဖြေရှင်းတာကို မြင်တွေ့ရရင်အကောင်းဆုံးပါပဲ” ဟုပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.