Europe
၂၀၁၇ ခုနှစ် ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာ နိုဘယ်ဆု သိပ္ပံပညာရှင် သုံးဦး ပူးတွဲရရှိ

စတော့ခ်ဟုမ်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
၂၀၁၇ ခုနှစ်အတွက် ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာနိုဘယ်ဆုအား သိပ္ပံပညာရှင် သုံးဦးက ပူးတွဲ ဆွတ်ခူးခဲ့ကြောင်း စတော့ခ်ဟုမ်းရှိ နိုဘယ်ဆုရွေးချယ်ရေးကော်မတီက အောက်တိုဘာလ ၂ ရက်တွင် ပြောကြားလိုက်သည်။
Karolinska Institute တွင် ပြုလုပ်သော နိုဘယ်ညီလာခံက လူ့ခန္ဓာကိုယ်အတွင်း ဇီဝကမ္မ စည်းချက်များ ထိန်းချုပ်သော မော်လီကျူးဆိုင်ရာ နည်းစနစ်များ ရှာဖွေတွေ့ရှိမှုအတွက် Jeffrey C. Hall, Michael Rosbash နှင့် Michael W. Young တို့အား ၂၀၁၇ ခုနှစ် ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာနိုဘယ်ဆု ပေးအပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ဥရောပမြောက်ပိုင်းနှင့် မြောက်အတ္တလန္တိတ်ဒေသ အတွင်း နေထိုင်သူများနှင့် နေ့အလင်းရောင်နှင့် ညဘက်ကြားတွင် ကာလရှည် နေထိုင်ရန် မြင်သာအောင် ပြသခဲ့ခြင်း၊ နေထွက်လာသည့်တိုင်အောင် အချိန်ကာလအရ ကောင်းစွာ အိပ်စက်ခြင်း၏ အရေးပါမှုက ပြည်သူများအတွက် ဟူသော အသိ တိုးမြင့်ခြင်း စသော ယခုနှစ်၏ သိပ္ပံဆိုင်ရာ ရှာဖွေတွေ့ရှိမှုများအား မီးမောင်းထိုးပြခဲ့ခြင်းကြောင့် ဖြစ်ကြောင်း နိုဘယ်ဆုရွေးချယ်ရေး ကော်မတီ အဖွဲ့ဝင် တစ်ဦးဖြစ်သူ Juleen Zierath က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ယခုနှစ်အတွက် ဆုကြေးငွေမှာ ဆွစ်ငွေ ၉ သန်း (အမေရိကန်ဒေါ်လာ ၁.၁ သန်း) ဖြစ်ကြောင်း သိရသည်။ (Xinhua)