Connect with us

Europe

အမေရိကန် နှင့် မက္ကဆီကို နိုင်ငံများသို့ ကနေဒါဝန်ကြီးချုပ်သွားရောက်လည်ပတ်မည်

ကနေဒါနိုင်ငံဝန်ကြီးချုပ် Justin Trudeau အားတွေ့ရစဉ် (ဆင်ဟွာ)

အော့တိုဝါ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံဝန်ကြီးချုပ် Justin Trudeau သည် အောက်တိုဘာ လလယ်တွင် အမေရိကန်နိုင်ငံ နှင့် မက္ကဆီကိုနိုင်ငံများ သို့ အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ်ရုံးက အောက်တိုဘာ ၃ရက်တွင် ပြောကြားခဲ့သည်။

Trudeau သည် အောက်တိုဘာ ၁၀ရက်တွင် ဝါရှင်တန်ဒီစီသို့ သွားရောက်ကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် တွေ့ဆုံပြီး နိုင်ငံတကာလုံခြုံရေး၊ ကုန်သွယ်ရေး နှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများအပါအဝင် နှစ်နိုင်ငံ ဆိုင်ရာအရေးကြီးကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၂ရက်တွင် ကနေဒါဝန်ကြီးချုပ်သည် ပထမဆုံးမက္ကဆီကို ခရီးစဉ်အဖြစ် မက္ကဆီကို စီးတီးသို့ သွားရောက်လည်ပတ်ပြီး သမ္မတ Enrique Pena Nieto နှင့် တွေ့ဆုံကာ ကုန်သွယ်ရေး၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု နှင့် ကနေဒါ-မက္ကဆီကို နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာလာစေရေးတို့အတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကနေဒါ နှင့် အမေရိကန် တို့သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ကုန်သွယ်ရေးဆက်ဆံမှုရှိသည့် နိုင်ငံများအနက် တစ်ခု အပါအဝင်ဖြစ်သည်။ နှစ်နိုင်ငံအကြား ကုန်သွယ်မှုသည် ၂၀၁၆ခုနှစ်တွင် ကနေဒါ ဒေါ်လာ ၈၈၂ဘီလီယံနီးပါး (အမေရိကန်ဒေါ်လာ ၇၁၄ဘီလီယံ) ရှိကြောင်း သိရသည်။

ထို့အပြင် ကနေဒါ နှင့် မက္ကဆီကို တို့သည်လည်း တစ်ဖက်နှင့် တစ်ဖက် အတွက် အကြီးမားဆုံးသော အပြန်အလှန် ကုန်သွယ်ဖက်နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုသည် ၂၀၁၆ခုနှစ် တွင် ကနေဒါဒေါ်လာ ၄၀ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၃၂ဘီလီယံ) ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.