Connect with us

International Organizations

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် ကတိပြု

တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ဝဲ) နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာ့ဗ်ရို့ဗ်တို့ လက်ဆွဲနှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)

 

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ် (Sergey Lavrov) တို့သည် နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးအတွက် စက်တင်ဘာလ ၂၇ ရက်က သဘောတူခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် နှစ်နိုင်ငံ ခေါင်းဆောင်များ ရရှိထားသည့် အရေးပါသော သဘောတူညီချက်အား အကောင်အထည်ဖော်ရန်၊ ခေတ်သစ်တွင် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး တိုးတက်စေရန်၊ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်စုံတွင် ရလဒ်များ ပိုမိုရရှိစေရေး တွန်းအားပေးရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ဉာဏ်ပညာများနှင့် ဖြေရှင်းမှုများ ပိုမို ထောက်ပံ့နိုင်စေရန် အတူတကွ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံနှင့် ယှဉ်လျက်ပြုလုပ်သည့် တွေ့ဆုံပွဲ၌ ဝမ်က ပြောခဲ့သည်။

ဝမ်နှင့်အလားတူ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်ကလည်း နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများတွင် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု ထူထောင်ရန်နှင့် နိုင်ငံတကာဥပဒေ၊ ကုလသမဂ္ဂ ပဋိဉာဉ်ပါ ရည်ရွယ်ချက်များနှင့် စည်းမျဉ်းများအား အတူတကွ စောင့်ထိန်းရန် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.