Connect with us

International Organizations

နိုင်ငံတကာ တရားရုံး က အမေရိကန် နိုင်ငံ မှ လူသားခြင်း စာနာထောက်ထားမှု ကဏ္ဍ တွင် ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်ခြင်း အား ရပ်တန့်ရန် တောင်းဆို

နိုင်ငံတကာ တရားရုံး တွင် တရားစီရင်မှု ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

သည်ဟိတ် ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ က အမေရိကန် နိုင်ငံ အား ၁၉၅၅ ခုနှစ် နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး စာချုပ် အား ချိုးဖောက်ကြောင်း နိုင်ငံတကာ တရားရုံး သို့ တိုင်ကြားမှု တွင် တရားရုံး က အမေရိကန် နိုင်ငံ မှ အီရန် နိုင်ငံ အား လူသားခြင်း စာနာထောက်ထားမှု နှင့် အရပ်ဘက် လေကြောင်း လုံခြုံရေး ဆိုင်ရာ ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှု အပေါ် ပိတ်ဆို့အရေးယူမှု များအား ချက်ခြင်း ရပ်တန့်ရန် အောက်တိုဘာ ၃ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

နိုင်ငံတကာ တရားရုံး က ယာယီဆောင်ရွက်မှု ၃ ချက် ကိုလည်း တစ်ချိန်တည်း ထုတ်ပြန် ကြေညာ ခဲ့ပြီး အမေရိကန် နိုင်ငံ အား အီရန် နိုင်ငံ အပေါ် ဆေးဝါး နှင့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု ၊ အစားအသောက် နှင့် စိုက်ပျိုးရေး ထွက်ကုန် ၊ အရပ်ဘက် လေကြောင်း လုံခြုံရေး အတွက် လိုအပ်သော ပစ္စည်း ကိရိယာ နှင့် သက်ဆိုင်ရာ ဝန်ဆောင်မှု များအပေါ် ပိတ်ဆို့အရေးယူမှု အား ဖျက်သိမ်းရန် ၊ အထက်ပါ ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှု များနှင့် သက်ဆိုင်သော ခွင့်ပြုချက်ချက် များအား အမေရိကန် နိုင်ငံ မှ ထုတ်ဝေပေးရန် ၊ အမေရိကန် နိုင်ငံ မှ သက်ဆိုင်ရာ ငွေပေးချေမှု နှင့် ငွေကြေးလွှဲပြောင်းမှု တို့အား ကန့်သက်မှု များ မထားရှိရန် တောင်းဆိုခဲ့သည်။

ထို့ပြင် နိုင်ငံတကာ တရားရုံး က အမေရိကန် နှင့် အီရန် နိုင်ငံ တို့အနေဖြင့် အငြင်းပွားမှု ပိုမို ကြီးမား စေမည့် ဆောင်ရွက်မှုများ နှင့် ပြဿနာ ဖြေရှင်းရန် ပိုမို ခက်ခဲစေမည့် လုပ်ဆောင်ချက်များ အား ရှောင်ရှားသွားရန် တောင်းဆိုခဲ့သည်။

နိုင်ငံတကာ တရားရုံး က ကုလသမဂ္ဂ ၏ အဓိက တရားရေး ဆိုင်ရာ အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး နိုင်ငံတကာ ဥပဒေ အရ နိုင်ငံများ အကြား ဥပဒေ ဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းပေးသည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ နိုင်ငံတကာ တရားရုံး အနေဖြင့် ကုလသမဂ္ဂ သက်ဆိုင်ရာ ဌာန အသီးသီး အား ဥပဒေ အကြံပြုချက် ပြုလုပ်ပေးသည့် အဖွဲ့အစည်း တစ်ခု ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.